ထိုယုန်လေးဟာ သာမာန်ကလေးတစ်ယောက်ရဲ့ပျှမ်းမျှအလေးချိန်ထက် သုံးဆပိုများနေကြောင်းသိရပါတယ်..
ယုန်လေးနာမည်က Dexter ပါ.၁ဝလသားလေးပဲရှိသေးပြီး Basildon မှာနေထိုင်ပါတယ်။ ထိုယုန်လေးဟာ သာမာန် ကလေးတစ်ယောက်ရဲ့ပျှမ်းမျှအလေးချိန်ထက် သုံးဆပိုများနေပါတယ်။ တကယ်တော့ သူ့မှာအနည်းဆုံးနောက်၂နှစ်အတွင်းဆက်လက်ဖွံဖြိုးဖို့ရှိပါသေးတယ်။
ဗြိတိန်မှာဆို သူ့ကိုအကြီးစားယုန်အဖြစ်သတ်မှတ်လိုုက်ပါပြီ။ဒါက အရမ်းအံ့သြစရာမကောင်းသေးဘူး။ ဒီယုန်လေးရဲ့အဖေ Darius ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးယုန်အဖြစ်သတ်မှတ်ခံထားရပြီး ၄ပေ ၄လက်မအရှည်ရှိပါတယ်။
Dexter ကတော့ ၃ပေမျှသာရှည်ပေမယ့် သူ့အဖေနီးပါးမှီအောင် ဆက်လက်ဖွံဖြိုးဖို့ရှိပါသေးတယ်။ " Dexter ကိုစမွေးတုန်းက ၉ပတ်- ၁ဝပတ်လောက်ပဲရှိဦးမယ်။ အရွယ်အစားကလည်း ခွေးပေါက်လေးအရွယ်လောက်ပါပဲ။ အခုထက်အများကြီးပိုသေးတာပေါ့ ''လို့ သခင်Brad ကပြောပါတယ််။
''ကျွန်တော်တို့ယုန်လေးတွေကို အများကြီးရွေးချယ်ခဲ့ပေမယ့် Dexter ကတော့ မတူဘူး။ သူ့အသက်ရွယ်လောက်ရှိတဲ့ သာမာန်ယုန်လေးတွေနဲ့ ယှဉ်လိုက်ရင် Dexterက သုံးဆလောက်ကြီးနေတယ်။
Dexterရဲ့ အစ်ကို ဆိုင်မွန်လည်းအကြီးဆုံးယုန်အဖြစ်သတ်မှတ်ခံရမှာဖြစ်ပေမယ့် မကြာမီက လေယာဉ်ပေါ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီတော့ Dexter က မိသားစုထဲမှာစံချိန်ဝင်နိုင်ခဲ့တယ်။
တစ်လကို သူ့အစားစာဖို့ ပေါင်၁ဝဝလောက်ကုန်တယ်လို့ Brad ကပြောပါတယ်။တစ်နှစ်ကို မုန်လာဥ ၂ထောင်ကျော်လောက် ဝယ်ယူရတယ်လို့လည်းသိရပါတယ်။Dexter ရဲ့ပြသနာက နေ့စဉ်လတ်ဆတ်တဲ့အစားစာကိုသာစားချင်ပြီး အိပ်ရာခင်းနဲ့မှ အိပ်စက်တတ်တယ်လို့ သိရပါတယ်။
French Bulldogs ခွေလေးနှစ်ကောင်နဲ့ Dexterလည်းနေထိုင်ပါတယ်။Dexterက အကောင်သာကြီးပေမယ့် အနေသိမ်မွေ့တယ်။ ခွေးလေးတွေနဲ့ဆော့ရတာကို သူသဘောကျတယ်။ လူတွေနဲ့အပြင်သွားရတာလည်းသဘောကျသလို ကလေးငယ်တွေနဲ့ ပြေးလွှားနေရတာကိုလည်း ပျော်တယ်။ သူမပျော်ရင်တော့ ကျွန်တော်တို့ကိုဆွဲဆိတ်ပြီး သတိပေးတယ်လို့ သခင်ဖြစ်သူကဆိုပါတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations