တစ်ဖက်မှာနာမည်ကြီးနေပေမယ့် ပညာရေးဘက်မှာအားလျော့မှာစိုးတယ်လို့အမေဖြစ်သူပြော
Coco Hamamatsu လေးဟာ ၆နှစ်သာရှိသေးပေမယ့် သူမရဲ့ချစ်ဖို့ကောင်းတဲ့ဟန်ပန် အမူအရာလေးတွေနဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ အားလုံးရဲ့နှလုံးသားကိုအရည်ပျော်သွားစေခဲ့တယ်။
Coco Hamamatsu လေးဟာ ၆နှစ်သာရှိသေးပေမယ့် သူမရဲ့ချစ်ဖို့့ကောင်းတဲ့ဟန်ပန် အမူအရာလေးတွေနဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ အားလုံးရဲ့နှလုံးသားကိုအရည်ပျော်သွားစေခဲ့တယ်။
သူမရဲ့အင်စတာဂရမ်အကောင့်မှာ သူမပရိတ်သတ်တွေအများကြီးပဲရှိပါတယ်။ ဒီလိုစတိုင်လ်ကျပြီး ချစ်ဖိုု့ကောင်းတဲ့ပို့စ်လေးတွေပေးတတ်အောင် ဘယ်အရာက သူမကိုသင်ပေးခဲ့တာဖြစ်မလဲ !
သူမဟာငယ်ငယ်လေးတည်းက အဝတ်စားဝတ်တဲ့နေရာမှာ အလွန်ရွှေးချယ်ပြီး တကယ်ဝတ်လိုက်ရင်လည်း အလန်းဆုံးဒီဇိုင်းတွေကိုပဲရွေးချယ်ပါတယ်။
Vice နဲ့အင်တာဗျုးမှာ သူမမိသားစုက ဂျပန် တိုကျိုမြို့မှာ Funktique လို့ခေါ်တဲ့အကျီ င်္ဆိုင်ကို ဖွင့်လှစ်ထားကြောင်းသိရပါတယ်။ အဲ့ဒီဆိုင်ကနေ သူမရဲ့အလန်းစားအကျီ င်္လေးတွေရွေးချယ်ထားတာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် အဝတ်စားတွေရွေးချယ်ရတာကို သူမနှစ်သက်တယ်လို့ပြောပါတယ်။
သူမအမေ Misato က Vogue မဂ္ဂဇင်းမှာ ဖော်ပြထားတာတော့ Hamamatsuလေးဟာ သုံးနှစ်အရွယ်တည်းက ဖက်ရှင်အမြင်ရှိတယ်လို့ ဆိုပါတယ်။ အသက်၆နှစ်နဲ့ လူမှုကွန်ရက်ရဲ့ရိုက်ခတ်မှုနဲ့ တုံ့ပြန်ချက်တွေအပေါ် အရမ်းမခံစားမိစေဖို့Hamamatsu အနေနဲ့ တော်တော်လေးထိန်းသိမ်းနိုင်မှဖြစ်ပါမယ်။
ကျောင်းကပြန်လာတာနဲ့ အင်စတာဂရမ်ကြည့်ပြီး သူ့မှာအလုပ်ရှုပ်နေတော့တာပဲလို့  Misato ကပြောပါတယ်။ အင်စတာဂရမ်မှာ Followers ပေါင်း ၆၆၀၀၀ ကျော်ရှိသွားပါပြီ။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations