ဖြစ်နိုင်မယ်ဆိုရင် ကားမောင်းတဲ့သူရဲ့ အနောက်တည့်တည့်က ခုံဟာ အလုံခြုံဆုံးပါပဲ။

ခရီးသည်တွေ သွားရလာရအဆင်ပြေအောင် အခုUber ကားတွေပေါ်လာသလို မိန်းကလေးတွေရဲ့ လုံခြုံရေးအတွက်လည်း စိတ်ချရတယ်လို့သိရပါတယ်။ မိန်းကလေးတော်တော်များများက တက္ကစီသမားအချို့ရဲ့ ယုတ်မာပုံ  အတွေ့အကြုံကို ပြန်လည်ဝေမျှပြီးတဲ့နောက် ခရီးဝေးအလုပ်ဆင်းနေရတဲ့ မိန်းကလေးတွေအနေနဲ့လည်း လုံခြုံမှုမရှိတော့ပါဘူး။    မိုးချုပ်ချုပ်မှာ တစ်ယောက်တည်း တက္ကစီငှားပြန်ဖို့ကိုအတော်စဉ်းစားယူရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း                 မိန်းကလေးတွေ အနိုင်ကျင့်ခံရတဲ့တိုင်ကြားမှုတွေအများကြီးရှိလာပါတယ်။တချို့တက္ကစီသမားတွေဆိုရင်                 ဓာတုဆေးတွေနဲ့မိန်းကလေးတွေကိုမူးမေ့အောင်ပြုလုပ်တယ်လို့သိရပါတယ်။ နောက်ပိုင်းဘာဆက်ဖြစ်လဲဆိုတာတော့ အားလုံးသိကြမှာပါ။

ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ တက္ကစီမောင်းသူတွေရှိပေမယ့်လည်း ဒီလိုအန္တရာယ်များတဲ့ လူမျိုးတွေကခပ်များများရယ်။

ဖေ့စ်ဘုတ်သုံးစွဲသူ Ars Poongee ဟာ သူ့ကောင်မလေး တက္ကစီစီးနေတုန်း ကြုံတွေ့လိုက်တဲ့ အဖြစ်ပျက်ကိုတွေ့လိုက်ရတဲ့အချိန်မှာ အရမ်းဒေါသထွက်သွားခဲ့တယ်။

ဓာတ်ပုံထဲမှာ အကြောင်းပြချက်မရှိဘဲ တက္ကစီသမားက ခရီးသည်ရဲ့ခြေထောက်ကို လှမ်းကိုင်နေတာတွေ့ရပါတယ်။

အရှေ့မှာကားမောင်းနေရမယ့်လူက အနောက်ကခရီးသည်ခြေထောက်ကိုလှည့်ပြီး ကိုင်နေစရာအကြောင်းမရှိပါဘူး။ အင်တာနက်သုံးစွဲသူများကလည်း ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခရီးသည်မိန်းကလေး (ဒါမှမဟုတ် ယောက်ျားလေးဖြစ်စေ)ရဲ့ခြေထောက်ကို ကိုင်ခွင့်မရှိဘူးလို့ပြောကြပါတယ်။ဒါကြောင့် တက္ကစီသမားတွေကိုသတိထားနိုင်အောင် လူမှုကွန်ရက်ပေါ်မှာဒီပုံတွေကို သူမျှဝေပေးခဲ့တာဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations