Celine Dion အသေးစားလေးများလား...အသံကကောင်းချက်

ကလေးမလေးရဲ့နာမည်က Celine ဖြစ်ပြီး သူမညီမလေးကတော့ Dionne ဖြစ်ပါတယ်။ Celine ဟာ စင်ပေါ်ကိုတက်လာတည်းက လုံးဝကိုယုံကြည်မှုရှိရှိနဲ့တက်လာပြီး American Got's Talent မှာလာရောက်ယှဉ်ပြိုင်ခွင့်ရလို့ အရမ်းပျော်နေကြောင်း သူမမျက်နှာပေါ်လွင်နေပါတယ်။

ဒီကလေးမလေးရဲ့မိဘတွေကလည်း Celine Dion ရဲ့ပရိသတ်တွေဖြစ်တာကြောင့် သူတို့သမီးနှစ်ယောက်လုံးကို Celine နဲ့ Dionne လို့ပေးထားတာဖြစ်ပါတယ်။ မိဘတွေကိုယ်တိုင်ကလည်း အနုပညာကိုချစ်တဲ့အလျောက် Celine လေးကလည်း ငယ်စဉ်တည်းက အနုပညာကို ဝါသနာပါခဲ့တယ်။ American Got's Talent ရဲ့စင်ပေါ်မှာ လာရောက်ဖျော်ဖြေနိုင်ဖို့က သူမရဲ့အိပ်မက်တစ်ခုဖြစ်ပြီး နာမည်ကြီး အဆိုတော် Celine Dion ရဲ့ခြေရာကိုလည်း လိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။

သူမရဲ့အသံကို ဒိုင်တွေနဲ့ပရိသတ်တွေကြားလိုက်ရတော့ အံ့သြသွားခဲ့ရတယ်။၉နှစ်သမီးလေးမှာ ဒီလောက်ကောင်းတဲ့အသံပိုင်ဆိုင်ထားလိမ့်မယ်လို့ ဘယ်သူကမှမထင်ထားဘူး။ နောက်ဆုံးအသံမြှင့်ဆိုရတဲ့အပိုင်းမှာဖျော်ဖြေသွားပြတဲ့ သူမရဲ့အသံကို ပရိသတ်တွေကြိုက်လွန်းလို့ လက်ခုပ်သံတွေ ညံ့စီလို့ပါပဲ။  သူမရဲ့သီဆိုမှုဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်..။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations