ချစ်ခြင်းကိုသိလာတဲ့ခံစားချက်က ဘာနဲ့မှမတူတာကို တွေ့ကြုံဖူးတဲ့လူတိုင်းသိကြမှာပါ။

သင့်ကို သက်သောင့်သက်သာဖြစ်စေတဲ့လူမျိုးနဲ့အတူရှိနေရရင် တစ်နေ့လုံးသင့်စိတ်တွေတက်ကြွနေတာမျိုးကိုလည်း ခံစားဖူးကြမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် များသောအားဖြင့် ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကို သေချာအတိကျသိဖို့ကြတော့ အမြဲတမ်းခေါင်းရှုပ်ရပါတယ်။ သူ့ကိုကြိုက်တာလား ဒါမှမဟုတ် ချစ်နေတာလား ဆိုတာမျိုးပေါ့။ သိပံ္ပပညာရှင်တွေပြောစကားအရ ဒီစိတ်ခံစားချက်ကိုနားမလည်ခင်မှာပဲ သင့်ရဲ့ဦးနှောက်က အရင်သိနှင့်နေပြီတဲ့။ သင်တကယ်လူတစ်ယောက်ကိုချစ်မိနေပြီလားဆိုတာသိနိုင်မယ့် အချက်တွေကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ်။

၁. မိသားစု၊ သူငယ်ချင်းတွေနဲ့သူ့ကိုမိတ်ဆက်ပေးချင်လာမယ်..

သင်တကယ်သဘောကျတဲ့လူကိုတွေ့တဲ့အခါ သူ့ကိုသင့်ရဲ့မိဘနဲ့ သူငယ်ချင်းတွေဆီခေါ်သွားပြီး မိတ်ဆက်ပေးချင်လာပါလိမ့်မယ်။ သင်ကျင်လည်နေရတဲ့ပတ်ဝန်းကျင်က အရေးကြီးတဲ့လူတွေနဲ့ သူ့ကိုသင်အသားကျစေချင်တယ်။ မိတ်ဆက်ပေးပြီးရင် မိဘနဲ့သူငယ်ချင်းတွေဆီက သူ့အပေါ်အမြင်ကို သင်ကြားချင်လာမယ်။သူတို့ကလည်း သဘောကျတယ်၊လက်ခံတယ်ဆိုတာကို သင်သိရရင်အရမ်းပျော်ရွှင်သွားမှာပါ။

၂. အေးအတူပူအမျှ

ဒီအဆင့်မှာဆို သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို သေချာသိလုနီးပါးရှိလာမယ်။ ဥပမာသူကအလုပ်မှာ ရာထူးတွေမြင့်သွားပြီဆို သူဝမ်းသာသလို သင်လည်းအရမ်းဝမ်းသာမယ်။ သူ့ရဲ့အောင်မြင်ခြင်း၊ကျရှုံးခြင်းတွေကို မျှဝေခံစားပေးဖို့သင်အမြဲအဆင်သင့်ရှိနေမယ်။ သူပျော်ရွှင်နေတာကိုမြင်ရင် သင်လည်းအလိုလိုနေရင်းပျော်နေပြီဟုတ် ?

၃. အချိန်တိုင်းတွေ့ချင်လာမယ်

ဒီအချိန်မှာ တစ်ရက်လောက်မတွေ့လိုက်တာနဲ့ တစ်ပတ်လောက်ကြာတယ်လို့ထင်နေပြီလား? ညစာအတူစားပြီး ဂွတ်ဘိုင်လို့နှုတ်ဆက်ချိန်မှာတောင် နောက်ဘယ်တော့ထပ်တွေ့ရမလဲလို့တွေးနေပြီလား ? ဒီမေးခွန်းတွေကို ကိုယ့်ကိုကိုယ်မေးပြီးပြန်ဖြေကြည့်ပါ..ဖြေလို့ရမလားလို့ !

၎. သူနဲ့ပတ်သတ်တဲ့အရာအားလုံးကို သိချင်လာမယ်

သင်ကြိတ်ပြီး သူ့အကြောင်းသိရဖို့ကြိုးစားပေမယ့် မတတ်နိုင်ဘူး.. ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေသာ အပြုံလိုက်ခေါင်းထဲလည်နေမယ်။ သူနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကို အစအဆုံးအားလုံးသိချင်နေတာကိုး။ ဘယ်သူပဲဖြစ်ဖြစ် တစ်ခါတစ်လေ ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့က သိပ်ခက်ပါတယ်။ သင့်အနေနဲ့တတ်နိုင်တာကတော့ သူဖွင့်ပြောလာတဲ့အခါ လေးလေးနက်နက်နဲ့ သေချာအာရုံစိုက်နားထောင်ပေးဖို့ပဲလိုပါတယ်။

၅.အခြားလူတွေနဲ့တရင်းတနှီးနေရင် စိတ်ထဲခုနေမယ်

ကိုယ်သဘောကျတဲ့လူ အခြားလူတစ်ယောက်နဲ့တရင်းတနှီးရှိနေတာကိုမြင်ရတာ စိတ်ထဲမှာအလိုမကျဖြစ်လာတာမျိုး..မနာလို ဝန်တိုဖြစ်တာမျိုးဆို သင်သူ့ကိုချစ်နေတာ တစ်ဝက်လောက်တော့သေချာလုရှိပါပြီ။

၆.သူ့အတွက်ဆို ဘာပဲလုပ်ပေးရ..လုပ်ပေးရ

သူ့အတွက်ဆို..သူတစ်ခုခုလိုအပ်နေပြီဆို သင့်ဘက်ကဘာပဲလုပ်ပေးရ လုပ်ပေးရ အမြဲတမ်းစိတ်အားထက်သန်နေမယ်။ ကိုယ်ကူညီပေးလိုက်လို့ သူစိတ်ချမ်းသာပြီး ပြုံးပျော်ရွှ့င်နေတာမြင်ရရင် အရမ်းစိတ်ချမ်းသာလာမယ်။ သူကြိုက်တတ်တဲ့အစားစာတွေလုပ်ပြီး သူအံ့သြသွားအောင် အလုပ်ထိသွားပို့ပေးတာမျိုးပေါ့။

ဒီအချက်တွေအားလုံးနဲ့တိုက်ဆိုင်နေပြီဆိုရင် သင်သူ့ကိုသဘောကျနေတာသေချာပါပြီ။ နေ့တိုင်းသူနဲ့သာအတူရှိနေချင်ပြီး သင်မရှိတော့ရင်ဆိုတဲ့အတွေးမျိုးကို သင်မတွေးရဲလောက်အောင်ထိ ကြောက်နေမယ်ဆိုရင် သူ့ကိုသင်ချစ်မိနေပါပြီ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations