ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်သားတွေရဲ့ (၁၈)စက္ကန့်စာ ရှားပါးဗီဒီယိုတဲ့..။

အမေရိကန်နိုင်ငံတော် မော်ကွန်းတိုက်ရဲ့ စူးစမ်းလေ့လာရေးဟာ ကျယ်ပြန့်လာပြီးနောက် တောင်ကိုရီးယားအစိုးရဟာ ဒုတိယကမ္ဘာစစ်တုန်းက ကိုရီးယားအမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးပြုခဲ့တဲ့ ဂျပန်စစ်သားတွေရဲ့(၁၈)စက္ကန့်စာ ရှားပါးဗီဒီယိုကို ပထမဆုံးအနေနဲ့အွန်လိုင်းပေါ်မှာ တင်ခွင့်ပြုခဲ့ပါတယ်။

ထို ဗီဒီယိုကို အမေရိကန်မော်ကွန်းတိုက်မှ ရှာဖွေနိုင်ဖို့အတွက် ကိုရီယားသမ္မတက ငွေကြေးထောက်ပံ့မှုပေးခဲ့ပြီး အချိန်ကတော့ ၂နှစ်လောက်ကြာခဲ့တယ်လို့ AsAmNews သတင်းအရသိရပါတယ်။

တရုတ်ပြည် Yunnan က တစ်နေရာရာမှာ ၁၉၄၄ခုနှစ်လောက်က ထိုဗီဒီယိုအား အမေရိကန်စစ်သားတွေမှ ရိုက်ကူးခဲ့တယ်လို့ယူဆထားကြပါတယ်။ ဗီဒီယိုထဲမှ အမျိုးသားတွေဟာ အမေရိကန်- တရုတ် မဟာမိတ်စစ်တပ်က တရုတ်စစ်ရေး အရာရှိချုပ်တွေဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

ဗီဒီယိုထဲမှ အမျိုးသမီးတွေရဲ့မျက်နှာကို မှတ်တမ်းတင်ပြီး နောက်ကြောင်းရာဇဝင်ကိုသိအောင်လည်း စုံစမ်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။ အလွန်ကြာလှပြီဖြစ်တာကြောင့် ကံမကောင်းရင်တော့ စုံစမ်းမှုက မအောင်မြင်နိုင်ပါဘူး။ ကိုရီယားသမ္မတကတော့ ဒီသမိုင်းသိရဖို့အတွက် သေချာအာရုံစိုက်ပြီး ပြင်ဆင်စရာရှိတာတွေ စီစဉ်နေတယ်လို့ ဆိုးလ်မြို့တော်ဝန် Park Won-soon ကပြောပါတယ်။

စစ်ပွဲအတွင်း တောင်ကိုရီယားအမျိုးသမီးတွေကို ဂျပန်တွေကလိင်ကျွန်အဖြစ်ရက်စက်စွာအသုံးပြုခဲ့ခြင်းနဲ့ ပတ်သတ်ပြီး ငြင်းခုန်မှုတွေက အရှိန်ပြင်းထန်လာခဲ့တယ်။ ကိုရီယားအမျိုးသမီး ၂သိန်းဝန်းကျင်လောက် (အများစုကတော့ ကိုရီယားမှဖြစ်ပြီး) ဂျပန်စစ်သားတွေအတွက် ပြည့်တန်ဆာအဖြစ်နေပေးခဲ့ရပါတယ်။ ဂျပန်အင်ပါယာစစ်တပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်နဲ့ပတ်သတ်ပြီး ဂျပန်အစိုးရက သေချာဝန်ခံမှုမရှိသေးလို့ ထိုပြည့်တန်ဆာတွေရဲ့သားစဉ်မြေးဆက်တွေက ဆန္ဒပြမှုပြုလုပ်နေဆဲလို့သိရပါတယ်။

၂၀၁၅ ဒီဇင်ဘာ ၂၈ရက်နေ့မှတော့ တောင်ကိုးရီယားနဲ့ ဂျပန်ဟာ ထိုရာဇဝင်ကို ကျေအေးဖို့နဲ့ ကိုလိုနီခေတ်က အပြစ်တွေကိုတောင်းပန်တဲ့အနေနဲ့ ယွမ်ငွေ ၁ဘီလီလျံ(ဒေါ်လာ ၉.၆ မီလီလျံ)ကို ထိုပြည့်တန်ဆာတွေနဲ့ ဆက်စပ်တဲ့သားစဉ်မြေးဆက်တွေအား ထောက်ပံ့ပေးခဲ့တယ်လို့ The Korea Herald သတင်းအရသိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations