သင်တို့စုံတွဲရော ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ ကြည့်လိုက်ပါဦး။

အချစ်တစ်ခုတည်ဆောက်ရာမှာ သွေးသားမတော်စပ်တဲ့သူစိမ်းနှစ်ယောက်ရဲ့ ခံစားမှုပေါင်းများစွာပေါင်းစပ်ပါဝင်ပါတယ်။ အလေးထားမှု၊ ချစ်ခြင်း မေတ္တာ၊ အမုန်းတရား၊ ကြောက်ရွံ့ခြင်း၊ ပျော်ရွှင်ခြင်း စသည့်ခံစားချက်ပေါင်းများစွာ ရောစပ်နေပါတယ်။

အချစ်မှာ အဆင့်(၅)ဆင့်ရှိပြီး တကယ့်ချစ်ကြတဲ့စုံတွဲသာလျှင် အဆင့်(၃)လောက်ထိသာ ဖြတ်ကျော်နိုင်ပါတယ်တဲ့။ အဆင့်(၃)ထိဖြတ်ကျော်နိုင်သွားပြီဆို သင်တို့ဟာ ဒီပြိုင်ပွဲတစ်ဝက်လောက်ကို အနိုင်ရရှိသွားပါပြီ။ သင်တို့စုံတွဲရော ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ ကြည့်လိုက်ပါဦး။

အဆင့်(၁) - ဆွဲဆောင်မှု

အဆင့်(၁) - ဆွဲဆောင်မှု

"ကိုယ်ထင်ရင် ကုတင်ရွှေနန်း " ဆိုတဲ့စကားအတိုင်းပဲ ချစ်နေရင်တော့ သူဘယ်လိုပဲဖြစ်နေပါစေ...မျက်လုံးထဲလှနေ၊ ကြည့်ကောင်းနေတာပါပဲ။ သူ့ပုံစံက အခြားလူတွေ အမြင်မှာ ဘယ်လိုပဲရယ်ချင်စရာကောင်းနေ၊ ရှုတ်ချချင်စရာဖြစ်ပါစေ.. ကိုယ်ချစ်နေရင်တော့ ဆွဲဆောင်မှုရှိနေတာပေါ့။ 

Believing that ‘Love is Forever’

Image

ဒီိအဆင့်ကတော့ ပန်းရောင်အဆင့်လေးပါ။ အစပိုင်းမှာ အကောင်းဆုံးခံစားချက်တွေ ကိုပဲ သင်ပိုင်ဆိုင်ခွင့်ရမယ်။တစ်သက်လုံး ဒီပုံစံအတိုင်း တသမတ်တည်းဖြစ်သွားလိမ့်မယ်လို့ သင်တွေးကောင်းတွေးနိုင်ပါတယ်။ ဒီလူနဲ့ပဲ ထာဝရလက်တွဲသွား ဖြစ်မယ်လို့ သင်ထင်ခဲ့ဖူးမယ်။

အဆင့်(၂) - စုံတွဲတွေဖြစ်လာတဲ့အခါ

အဆင့်(၂) - စုံတွဲတွေဖြစ်လာတဲ့အခါ

သင်တို့နှစ်ယောက်လုံး စုံတွဲတွေဖြစ်သွားတဲ့အခါ ဒီအဆင့်လေးမှာ အမှတ်တရတွေ များစွာဖြစ်သွားနိုင်ပါတယ်။ မနက်တိုင်း စာပို့တာ၊ ညနက်တဲ့အထိ ဖုန်းပြောတာ၊ စာပို့တာ၊ လျှောက်လည်တာ၊ ပွေ့ဖက်ခြင်း၊ နမ်းခြင်းနဲ့ အချစ်ကြမ်းတာတို့ပေါ့။

Feeling Safe

Image

သူနဲ့အချိန်တော်တော်များများကို အတူကုန်ဆုံးပြီး သူဘေးနားမှာရှိနေရင် ပြီးပြည်စုံ၊ လုံခြုံတယ်လို့ သင်စတင်ခံစားရလိမ့်မယ်။ အဆင့်(၃) မရောက်ခင်အချိန်ထိတော့ ဒီတိုင်းလေးတစ်သက်လုံးနေသွားရမယ်လို့ သင်ထင်မိလိမ့်မယ်။

အဆင့်(၃) အဆုံးသတ်ခြင်းရဲ့ အစ

ဒီအဆင့်က တကယ်အခက်ခဲဆုံးပါပဲ။ သင်မဖြစ်ချင်တာတွေ၊ သင်မကြုံချင်တာတွေ သင်ရင်ဆိုင်ရလာပါလိမ့်မယ်။ အစပိုင်းတုန်းက သင်ရရှိခဲ့တဲ့ ဂရုစိုက်မှုတွေလျော့နည်းလာပါလိမ့်မယ်။ သံသယဝင်မှုတွေ၊ မေးခွန်းတွေက အဆုံးသတ်ခြင်းရဲ့အစတွေပါပဲ။

Discontentment

Image

ဒီနေရာကစပြီး ကိစ္စတွေဟာမှားယွင်းလာတာပါပဲ။ ပွင့်လင်းမှုမရှိခြင်းကလည်း အရာအားလုံးကို နှောင့်နှေးစေလာသလို မဖြစ်သင့် မဖြစ်ထိုက်တဲ့ပြဿနာတွေ စုပုံပြီးရောက်လာတတ်ပါတယ်။ လူတစ်ယောက်ထဲမှာပဲ အာရုံစိုက်ထားခြင်းဟာလည်း သင့်ကိုယ်သင် နှိပ်စက်ရာရောက်ပါတယ်။ လူတိုင်းပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။

အဆင့်(၄) - အချစ်စစ် တည်ဆောက်ခြင်း

အဆင့်(၄) - အချစ်စစ် တည်ဆောက်ခြင်း

အဆင့်(၃)ကိုသင်ဖြတ်ကျော်လာနိုင်ခဲ့ပြီဆိုရင် အရင်ကထက် သင်တို့နှစ်ယောက် ကြားမှာ တစ်ယောက်အပေါ်တစ်ယောက် လက်ခံယုံကြည်မှု၊ နားလည်မှုတွေက ပိုမို အသက်ဝင်လာပါလိမ့်မယ်။ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းသွားမယ့် စုံတွဲတိုင်း ဒီအဆင့်ကို ပြီးမြောက်သွားပြီဆိုရင် အချိန်တိုင်းဟာ သင်တို့နှစ်ယောက်အတွက် အမှတ်ရစရာတွေပါပဲ။

Understanding is the Key

Image

တစ်ယောက်အပေါ် တစ်ယောက်နားလည်မှုပေးနိုင်ခြင်းက ခိုင်မာတဲ့ Relationship တစ်ခုရဲ့ ပထမအဆင့်ပါပဲ။ နှစ်ယောက်လုံးကြားမှာဖြစ်သမျှအရာတိုင်းကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အကောင်းသာမြင်ပေးပြီး ဒီအဆင့်မှာ အထင်လွဲမှုတွေအတွက် နေရာကိုပေးစရာမရှိတော့တာပါ။

အဆင့်(၅)- နှစ်ကိုယ့်တစ်စိတ်

အဆင့်(၅)- နှစ်ကိုယ့်တစ်စိတ်

သူနဲ့သာ စိတ်တူကိုယ်တူဆိုရင် ကမ္ဘာကြီးကိုပြောင်းလဲပစ်နိုင်သလို၊ သူဘေးနားမှာ ရှိနေတဲ့အတွက် ပတ်ဝန်းကျင်ကြီးဟာလည်း စိမ်းလန်းစိုပြေနေသလို ခံစားလာရတယ်။ အဆင့်တွေအားလုံးဖြတ်ကျော်ပြီး ဒီအထိရောက်လာပြီဆိုရင်တော့ ဒီစုံတွဲဟာ တကယ့်ကိုခိုင်မာတဲ့စုံတွဲလို့ပြောလို့ရပါပြီ။

Total Comfort

Image

နောက်ဆုံးအဆင့်မှာတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ချမ်းသာစရာတွေပဲ ပေးစွမ်းပါတော့တယ်။ သင့်ရဲ့အကောင်းဆိုးမှန်သမျှကို သူလက်ခံပေးပြီး သင့်ကိုပြောင်းလဲပစ်ဖို့လည်း သူကြိုးစားမှာမဟုတ်ပါဘူး။ အဆုံးသတ်မှာ သင့်ကို ရွေးချယ်လိုက်ရတဲ့အတွက် သူ့ဆုံးဖြတ်ချက်တွေမှန်ကန်သွားသလို ခံစားရပြီး ဘယ်တော့မှလည်း နောင်တရမယ့်လူမျိုးမဟုတ်ပါဘူး။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations