ဘာကြောင့် သူတို့ဖောက်ပြန်ရလဲဆိုတော့ ...

ယနေ့ခေတ် relationship ဟာ ကိုင်တွယ်ရခက်ပြီး လူတွေဟာထပ်ပြီးကြိုးစား ကြည့်ဖို့ စိတ်မကူးတော့ဘဲ အလွယ်တကူလမ်းခွဲပစ်လိုက်ကြပါတယ်။ အခု စုံတွဲတွေဟာ ကိုယ့်ဘက်ကအသာရဖို့လောက်ပဲ ကြည့်လာကြပါတော့တယ်။မသာယာတဲ့ relationship တစ်ခုဖြစ်ရခြင်းမှာလည်း အကြောင်းပြချက်တွေ များစွာရှိပါတယ်။ ဘာကြောင့်ယောက်ျားတွေ ဖောက်ပြန်ရလဲဆိုတာကို အပြောများလာကြတာပါ။ သင်ကအမှားကြီးမလုပ်မိရင်တောင် အသေးမွှားကိစ္စလေး တွေကို သင်ဂရုမစိုက်ခဲ့မိလို့ဖြစ်ပါလိမ့်မယ်။

၁.) နားလည်မှုမရှိခြင်း

၁.) နားလည်မှုမရှိခြင်း

ယောက်ျားတွေဖောက်ပြန်ရခြင်း အခြေခံအကြောင်းရင်းက သင်ကနားလည်မှုမပေးနိုင်လို့ပါပဲ။ ယောက်ျားလေးတွေဟာ သူတို့ရဲ့ချစ်သူတွေဆီက အပြည့်အဝနားလည်မှုလိုချင်ပါတယ်။ တစ်ခုခုဆို လိုက်ရှင်းပြနေရတာကြီးကို သူတို့မုန်းပါတယ်။ နားလည်မှုမရှိခြင်းက အထီးကျန်ဝေဒနာကို တစ်စတစ်စတိုးပွားလာစေပါတယ်။

၂.) ချုပ်ချယ်မှုအားများလွန်းခြင်း

၂.) ချုပ်ချယ်မှုအားများလွန်းခြင်း

ဒါကို မုန်းတဲ့မိန်းကလေးတွေလည်း ရှိမယ်လို့ထင်ပါတယ်။ ဘယ်သူမဆို ကိုယ့်ကို ချုပ်ချယ်တာ မကြိုက်ပါဘူး။ ဒါဆို ရှင်းနေပြီပဲ..ကိုယ့်ကိုချုပ်ချယ်တာမကြိုက်ရင်.. သူများကိုလည်း မချုပ်ချယ်ပါနဲ့လေ။ မကြိုက်တဲ့ကိစ္စတွေက ညှိယူလို့ရပေမယ့် ဟိုမသွားရ..ဒါမလုပ်ရဆိုပြီး အမိန့်ပေးတာတွေက သင်တို့နှစ်ယောက်ကြား အဖုထစ်တွေကို ပိုကြီးလာအောင်လုပ်နေသလိုဖြစ်စေပါတယ်။

၃.) အထိခိုက်လွယ်ခြင်း

၃.) အထိခိုက်လွယ်ခြင်း

တာဝန်သိတတ်မှုက စုံတွဲတွေကြားမှာအရေးကြီးပါတယ်။ ဒါပေမယ့် အရမ်းကို အထိခိုက်လွယ်လွန်းရင်လည်း သင်တို့ relationship ပျက်စီးသွားနိုင်ပါတယ်။ ယောက်ျားလေးတွေဟာ သူတို့ချစ်သူကိုလုံးဝပြည့်စုံနေတာမျိုးလိုချင်တာမဟုတ်ပါဘူး။ သူတို့အပေါ် နားလည်မှုပေးနိုင်တဲ့မိန်းကလေးကို ပိုလိုလားပါတယ်။

၎.)မှန်ကန်တဲ့ ဆုံးဖြတ်ချက်မချနိုင်ခြင်း

၎.)မှန်ကန်တဲ့ ဆုံးဖြတ်ချက်မချနိုင်ခြင်း

စိတ်ဓာတ်သန်မာပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ လူမျိုးကို လူတွေကပိုအလိုရှိ ပါတယ်။ ဒီလိုမာကြောတဲ့ မိန်းကလးမျိုးကို ယောက်ျားလေးတွေက ပိုသဘောကျပါတယ်။

၅.) အပြစ်ပြောလွန်းခြင်း

၅.) အပြစ်ပြောလွန်းခြင်း

relationship တစ်ခုက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်မဟုတ်ပါဘူး။ သင်ဟာ သူနဲ့ပတ်သတ်ပြီး အမြဲချည်းအပြစ်ပဲ ပြောနေမယ်ဆိုရင် သူတစ်နေ့စိတ်ပျက်လာပါလိမ့်မယ်။ သင်မရှိရင် ကောင်းမှာပဲလို့တောင် သူတွေးလာပါလိမ့်မယ်။ စိတ်ဆင်းရဲအောင်လုပ် ၊ အပြစ်ပဲပြောနေမယ့်အစား ဖြစ်သမျှကိစ္စတွေကို နားလည်ပေးနိုင်အောင် ကြိုးစား ကြည့်ပါ။

၆.) ခဏခဏ လိမ်ခြင်း

၆.) ခဏခဏ လိမ်ခြင်း

ခဏ ခဏလိမ်ခြင်းက relationship တစ်ခုကို ပျက်စီးလွယ်စေပါတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် သင့်ချစ်သူကိုလိမ်ညာဖို့မကြိုးစားပါနဲ့။ သူ့ဘက်က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က မှန်ကန်စွာနေထိုင်ဖို့လိုပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations