တကယ့်အလှစစ်ဆိုတာ ကြည့်တတ်မှမြင်ကြောင်း ကောင်လေးကလည်းသက်သေပြခဲ့တယ်...

အချစ်စစ်နဲ့ပတ်သတ်ပြီး သေချာတိကျစွာအဓိပ္ပာယ်ဖွင့်ဆိုထားတာမျိုးမရှိပေမယ့် လူတိုင်းမှာ အချစ်နဲ့ပတ်သတ်ပြီး ကိုယ်စီခံယူချက်တွေရှိထားပြီးသားပါ။ ဒါပေမယ့် အများစုကတော့ ချစ်မိပြီဆို ကောင်းတာ၊ ဆိုးတာမှန်သမျှ လက်ခံနိုင်အောင်ကြိုးစားကြပါတယ်။ သင်လူတစ်ယောက်ကိုချစ်မိပြီဆို သူ့ရဲ့အပြစ်အနာဆာတွေ လက်ခံနိုင်အောင် ကြိုးစားဖို့လိုပါတယ်။

ဒီကနေ့ ဝတုတ်ကလေးတွေကို လူမှုကွန်ရက်ပေါ်မှာအားကျအောင်လုပ်သွားတဲ့ ဝတုတ်လေး တစ်ယောက်ဟာဆို သူမနဲ့ သူမကောင်လေးရဲ့ဓာတ်ပုံတွေဟာ တစ်ကိုယ်တော်သမားတွေကိုတောင် အားကျစေလောက်တယ်။ ကောင်လေးကလည်း တကယ့်အလှစစ်ဆိုတာ ကြည့်တတ်မှမြင်ကြောင်း သက်သေပြခဲ့ပါတယ်။

ဒီကနေ့မှာ အခြားလှပတဲ့မိန်းကလေးတွေရှိနေပေမယ့်လည်း ဒီမိန်းကလေးကိုပဲ သူ့နှလုံးသားက ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဗီဒီယိုတစ်ခုမှာဆို ကောင်မလေးအိပ်နေတုန်း ဘေးနားကနေပြီး မနှိုးရက်ပဲ တိတ်တိတ်လေးနေ,နေတာကိုကြည့်ကာ အားလုံးအရည်ပျော်ခဲ့ရတယ်။ ကောင်လေးဟာ သူမထက်သာတဲ့လူနဲ့ တွဲသင့်တယ်လို့ တစ်ချို့ကဝေဖန်ကြပေမယ့် သူတို့နှစ်ယောက်ကြားကို ဘယ်သူမှဝင်တားဆီးလို့မရပါဘူးတဲ့။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations