ရင်သားကြီးတဲ့အမျိုးသမီးတွေနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်...

ရင်သားကြီးတဲ့အမျိုးသမီးတွေနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။နွေရာသီမှာ အရမ်းပူအိုက်တဲ့အခါမျိုးဆို ရေချိုးပြီးလည်း ဘော်လီဝတ်ထားတဲ့နေရာမှာ ချွေးတွေပြန်စို့နေသလိုခံစားရတာ တကယ်ကို နေလို့အဆင်မပြေဖြစ်စေပါတယ်။ ၁ဝမိနစ်နေပြီးတာနဲ့ ရေပြန်ချိုးချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။

အခု ဒီလိုတွေမဖြစ်ရလေအောင် အထူးသဖြင့် နို့တိုက်မိခင်တွေအတွက် အသစ်ထုတ်လုပ်လိုက်တဲ့ ဘရာအသစ်ဟာ အမျိုးသမီးတိုင်းနဲ့ကိုက်ညီမယ်လို့ထင်ပါတယ်။ ရုတ်တရက်ကြည့်ရင် တပတ်ကိုပခုံးပေါ်တင်ထားတယ်ထင်ရပေမယ့် တကယ်ကိုအမြင်ဆန်းတဲ့ ဘရာမျိုးပါပဲ။

ဒီဘရာအသစ်ကို လူကြိုက်များနေပြီး လူမှုကွန်ရက်မှာတင် ဘရာဒီဇိုင်းသစ်တွေ ရောင်းလို့ကုန်ပြီလို့သိရပါတယ်။ ထိုဘရာက ၄၅ဒေါ်လာ (၃၅ပေါင်) ဝန်းကျင်လောက် ကျပါတယ်။ ရင်သားအတွက် ကောင်းမွန်စေပြီး ကလေးနို့တိုက်ရာမှာလည်း နို့များများထွက် တယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations