အထိုင်များနေတဲ့လူတွေအတွက် ဆောင်ရန်..ရှောင်ရန်အချက်လေးတွေမျှဝေပေးလိုက်ပါတယ်...

တစ်ချို့က ရုံးမှာထိုင်ပြီးအလုပ်လုပ်ရတာ သက်တောင့်သက်သာရှိတယ်...အေးဆေးပဲလို့ထင်ကြတယ်။ တကယ်တော့ အထိုင်များခြင်းက ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ရုံးဝန်ထမ်းတွေကိုခြောက်လှန့်နေတဲ့ ကျန်းမာရေးသတိပေးချက်လေးတွေကို Bright Side မှတစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Gluteus medius tendinopathy လို့ခေါ်တဲ့ တင်ပါးရောဂါလက္ခဏာတစ်ရပ်ကို နာရီပေါင်းများစွာ အထိုင်များတဲ့လူတွေအနေနဲ့သတိထားသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတော့ ကိုယ်အင်္ဂါသိမ်သွားခြင်း နဲ့ အခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေကို ထိခိုက်စေပါတယ်။

ကြွက်သားလှုပ်ရှားမှုတွေ လျော့ကျလာပြီး ခါး၊ ဒူးနဲ့ တင်ပါးဆုံရိုးတို့ စတင်နာကျင်လာပါလိမ့်မယ်။ လူ့ခန္ဓာကိုယ်ဟာ ခက်ခဲရှုပ်ထွေတဲ့အပိုင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာကြောင့် အစိတ်ပိုင်တစ်ခုသာ ပျက်စီးသွားရင် ယင်းနဲ့ဆက်စပ်ရာတွေပါ ထိခိုက်သွားနိုင်ပါတယ်။ ဒီလိုနာကျင်မှုတွေစလာပြီဆိုရင် မပေါ့ဆပါနဲ့... အသေးမွှားလေးတွေကနေ စိုးရိမ်းရတဲ့အခြေအနေရောက်နိုင်တာကို သတိချပ်ထားသင့်ပါတယ်။

ဒီလိုလက္ခဏာတွေပေါ်လာပြီဆို ဆေးခန်း(သို့) ဆေးရုံတွေမှာ သွားရောက်စစ်ဆေးကြည့်ပါ။

လုပ်ဆောင်ပေးရမယ့်အချက်လေးတွေ

- သင့်ရဲ့ခြေထောက်ကို ထိုင်ရင်းနဲ့လှုပ်နေပေးပါကာ အနည်းငယ်တော့ သွေးပူနေပါလိမ့်မယ်။

- လှေကား နှစ်ထပ်လောက်ကို အပေါ်အောက်တက်ပေးပါ

- ခြေထောက်အကြောဆန့်ခြင်းစသဖြင့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကိုတစ်နာရီလောက် အချိန်ပေးလုပ်ပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations