သင်ရော.. အိပ်နေရင်းနဲ့ဘီလူးစီးခံရဖူးလား?

အိပ်နေရင်း ဘီလူးစီးခံရတဲ့ခံစားချက်က တော်တော်ဆိုးပါတယ်။လှုပ်လို့လည်းမရ၊ စကားပြောလို့လည်း မရနဲ့ ...အတော်ခံရခက်ပါတယ်။ ကိုယ့်အိပ်ရာပေါ်ကို ထူးဆန်းတဲ့အရာကြီးတစ်ခုရောက်လာပြီး အနားမှာကပ်ထိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ချုပ်ကိုင်ထားသလိုခံစားရပါတယ်။ တစ်ချို့လူတွေက တကယ့်တစ္တေ၊ ဝိဥာဉ်တွေ ကိုယ့်အနားရောက်လာတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ 

- ဘီလူးစီးခံရတဲ့အခါ လုံးဝစကားပြောလို့မရပါဘူး။ 

- ခန္ဓာကိုယ်၊ ခြေထောက် နဲ့ ခေါင်းတောင်လှုပ်လို့မရတော့ပါဘူး။ ကိုယ်ကတော့ အသက်ပုံမှန်ရှုနေပေမယ့် ဘေးနားမှာဘာတွေဖြစ်နေလဲဆိုတာကို သေချာသိနေပါတယ်။ 

- ဘီလူးစီးခံရခြင်း အချိန်ကာလဟာ စက္ကန့်ပိုင်းလည်းဖြစ်နိုင်သလို၊ မိနစ်ပေါင်းများစွာလည်း ကြာသွားနိုင်ပါတယ်။ 

- ဘီလူးစီးခြင်းဟာ အသက်၂ဝကနေ ၃ဝကြားမှာ ဖြစ်နိုင်ချေပိုများပါတယ်။ 

- မကြာခဏ ဘီလူးစီးခြင်းခံနေရတယ်ဆိုရင် သင့်ပတ်ဝန်းကျင်နားမှာ မမြင်နိုင်တဲ့ တစ္ဆေ၊ သရဲ ၊ မကောင်းဆိုးဝါးတွေရှိနေတာဖြစ်နိုင်တယ်လို့ ရှေးတုန်းကလူတွေကယူဆခဲ့ပါတယ်။ 

- ဘီလူးစီးခြင်းဆိုတာ စိတ်ကတော့နိုးနေပြီး ခန္ဓာကိုယ်ကအိပ်စက်နေခြင်းဖြစ်ပါတယ်။ 

- ဒီအခြေအနေကို ကြုံတွေ့ရတဲ့လူတိုင်း ထိတ်လန့်ကြောက်ရွံ့ရပါတယ်။ ဒီအခြေအနေကို ကုသနိုင်တဲ့ဆေးဝါးတွေတော့မရှိပါဘူး။ 

- ဘီလူးစီးနေခြင်းအချိန်အတွင်း တစ်ယောက်ယောက်ရောက်လာပြီး ထိတ်လန့်စရာကောင်းတဲ့ အသံတွေပေးတာ၊ (သို့) ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးလှုပ်မရအောင် ချုပ်ကိုင်ထားတာမျိုး၊ စကားပြောလို့မရတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ချို့ ဆိုးဆိုးဝါးဝါးကြုံတွေ့ရသူတွေဆို အသက်ရှုကြပ်တာမျိုးတွေပါ ခံစားလာရတယ်လို့ဆိုကြပါတယ်။ 

ဘီလူးစီးခြင်းဟာ လူ့အသက်ပါဆုံးရှုံးနိုင်တဲ့အထိတော့ အန္တရာယ်မများဘူးလို့ သိရပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations