သင်ဆိုရင်ရော...ဖောက်ပြန်ခံရရင် ဘယ်လိုနေမလဲ? ဒီလိုအခြေအနေမျိုးကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနိုင်တဲ့လူမျိုးမရှိသေးပါဘူး။ ကိုယ်ချစ်ခင်ရသူ အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို မြင်ရတဲ့လူတိုင်း ဒေါသစိတ်ကိုမထိန်းချုပ်နိုင်ပါဘူး။ အခု အွန်လိုင်းပေါ်မှာပျံ့လာတဲ့ ဗီဒီယိုထဲမှာ မိုတယ်တစ်ခုတွင် မိန်းမဖြစ်သူကို အခြားတစ်ယောက်နဲ့တွေ့လိုက်ရတဲ့ အမျိုးသားဟာ ဒေါသထွက်ပြီး သူ့မိန်းမကိုရိုက်နှက်ခဲ့တာဖြစ်ပါတယ်။
ယောက်ျားဖြစ်သူနဲ့အတူ အခြားလူနှစ်ယောက်ပါ,ပါလာပြီး အခန်းထဲရောက်ရောက်ချင်း မိန်းမဖြစ်သူအား ရိုက်နေသည်ကို ဗီဒီယိုရိုက်ပေးခဲ့တာဖြစ်ပါတယ်။ ဖောက်ပြန်တဲ့ယောက်ျားကိုလည်း သူမအမျိုးသားကရိုက်နှက်ခဲ့ပါတယ်။ မိန်းမဖြစ်သူရဲ့ပါးကို အချပ်ပေါင်းများစွာ စော်ပြီး ခါးပတ်နဲ့ပါရိုက်နှက်ပါတယ်။ မိုတယ်ရှိ ဝန်ထမ်းတွေ ဝင်တားတော့မှ ယောက်ျားဖြစ်သူလည်းရပ်တော့တယ်။
ဒါပေမယ့် ဒီလောက်တားနေရဲ့ကြားက မိန်းမဖြစ်သူကိုရိုက်ဖို့လုပ်နေတုန်းပါပဲ။ ထိုလူရဲ့ရိုက်ချက်တွေကိုရော.. ဖောက်ပြန်တဲ့မိန်းမကိုပါ အင်တာနက်သုံးစွဲသူအားလုံး တုန်လှုပ်ခဲ့ရတယ်။ သူတို့ရဲ့ဗီဒီယိုကတော့ တကယ်ကိုအွန်လိုင်းပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ်။
Facebook Conversations