ဂျင်းဘောင်းဘီတစ်ခါဝယ်ရင် ချွတ်လိုက် ပြန်ဝတ်လိုက်နဲ့ ..အလုပ်ရှုပ်စရာမလိုတော့ဘူး...

ဖော်ပြပါ နည်းလမ်း(၃)ခုက ဂျင်းဘောင်းဘီတစ်ထည်ကို စမ်းဝတ်ကြည့်စရာတောင်မလိုဘဲ ကိုယ်နဲ့တော်၊ မတော်သိနိုင်မယ့် နည်းလမ်းလေးတွေဖြစ်ပါတယ်။ 

အဆင့်(၁) - ဆိုဒ်ရွေးချယ်ခြင်း

အဆင့်(၁) - ဆိုဒ်ရွေးချယ်ခြင်း

ဆိုဒ်ရွေးချယ်ဖို့အတွက် ဂျင်းဘောင်းဘီအပေါ်ပိုင်းကိုကိုင်ပြီး ပုံမှာပြထားတဲ့အတိုင်းလည်ပင်းနဲ့တိုင်းကြည့်ပါ။ လည်ပင်းအနောက်ဘက်ထိ လက်ထိလို့ရတယ်ဆိုရင် ထိုဘောင်းဘီဟာ သင့်ဆိုဒ်အမှန်ပါပဲ။ 

အဆင့်(၂) အနံတိုင်းထွာခြင်း

အဆင့်(၂) အနံတိုင်းထွာခြင်း

ကြိုးစားပြီး ကွက်တိကျတဲ့ အနံကိုရွေးချယ်ပါ။ ဘောင်းဘီအဝမှာ သင့်တံတောင်ထညိ့ပြီး တံတောင်နဲ့ကွက်တိဖြစ်လားဆိုတာကြည့်ပါ။ သေချာကွက်တိကျတယ်ဆိုရင် သင်နဲ့ကွက်တိတော်တဲ့ ဂျင်းဘောင်းဘီပါပဲ။ 

အဆင့်(၃) - အရှည်စစ်ဆေးခြင်း

အဆင့်(၃) - အရှည်စစ်ဆေးခြင်း

နောက်ဆုံးအနေနဲ့ စစ်ဆေးရမှာကတော့ ဂျင်းဘောင်းဘီအရှည်ပဲဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း သင့်ဘောင်းဘီကို ဆွဲဆန့်ကြည့်ပါ။ ဘောင်းဘီဂွတည့်တည့်က သင့်မေးစေ့နဲ့ တစ်ညီတည်းဆိုရင်တော့ သင်နဲ့ကိုက်ညီတဲ့ ဂျင်းဘောင်းဘီတစ်ထည်ကိုရရှိပါပြီ။ 

ဖော်ပြပါနည်းလမ်း(၃)ခုနဲ့ ကွက်တိကျပြီး ဝတ်ရအဆင်ပြေတဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို ရွေးချယ်နိုင်ပါ

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations