တကယ်ကို အန္တရာယ်များတဲ့ အမျိုးသမီးနှစ်ဦးပါပဲ...

ဘဏ်ကိုဖောက်ထွင်းသွားတဲ့ ခရစ်ယာန်သီလရှင်နှစ်ဦးကို ရဲတွေခြေရာခံ ဖမ်းဆီးနေတယ်လို့သိရပါတယ်။ တနင်္လာနေ့က Tannersville, Pennsylvania ရှိ ဘဏ်တစ်ခုတွင် သီလရှင်ဝတ်စုံနဲ့ ရုပ်ဖျက်ထားတဲ့ အမျိုးသမီးနှစ်ဦးဝင်ရောက် သောင်းကျန်းခဲ့တာဖြစ်ပါတယ်။ 

အမျိုးသမီးတစ်ဦးက တံခါးဝမှာရပ်စောင့်နေချိန် အခြားတစ်ယောက်သေနတ်နဲ့ ဝန်ထမ်းကိုခြိမ်းခြောက်ပြီး ပိုက်ဆံတွေတောင်းနေတာဖြစ်ပါတယ်။ 

သူတို့နှစ်ဦးလုံး အခုလွတ်မြောက်နေဆဲဖြစ်ကြောင်းနဲ့ FBI မှာ စုံစမ်းနေကြောင်းသိရပါတယ်။ အမျိုးသမီးနှစ်ယောက်လုံးရဲ့ အရပ်က ၅ပေ..၅ပေ ၂လက်မရှိကြောင်း သိရပါတယ်။ အလယ်ခေတ်တုန်းက ဝတ်ဆင်ခဲ့တဲ့ သီလရှင်အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး သူမတို့ရဲ့မျက်နှာတွေကို အဖြူရောင်အဝတ်စနဲ့ မျက်နှာကိုဖုံးထားတာတွေ့ရပါတယ်။ တစ်ယောက်ဆို မျက်မှန်တပ်ထားပါတယ်။ နှစ်ယောက်လုံးဟာ အန္တရာယ်များတဲ့အမျိုးသမီးတွေဖြစ်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations