အဝတ်မပါဘဲ တစ်ကိုယ်လုံးချွတ်ပြကာ ကပြခဲ့တဲ့ ထိုင်းမော်ဒယ်နှစ်ယောက်ရဲ့ဗီဒီယိုကြောင့် ထောင်ဒဏ်(၅)နှစ်ချမှတ်လိုက်ပါပြီ။ အသက် ၂၃နှစ် Thanyakan Rojin နဲ့ ၂၁နှစ် Kanthicha Buranon တို့ ဟာ အသံပြုအော်ကာ သီချင်းတစ်ပုဒ်နဲ့အတူ ကခုန်ပျော်မြူးနေတာဖြစ်ပါတယ်။
သူတို့ရဲ့ အဓိကနေရာတွေကိုတော့ လက်နဲ့ကာထားပါတယ်။ ထိုဗီဒီယိုဟာ လူအများစုကို နှောင့်ယှက်သလိုဖြစ်စေပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေမှ ထိုမော်ဒယ်နှစ်ဦးကို ဝရမ်းထုတ်ကာ ဖမ်းဆီးလိုက်ပါပြီ။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာပဲ သူမတို့နှစ်ဦးစလုံး မနေ့ကပဲအဖမ်းခံခဲ့ပါတယ်။ ထိုသို့ကပြရခြင်းက သူမတို့မိဘတွေကိုလုပ်ကျွေးဖို့အတွက် ဒီလိုပိုက်ဆံရှာရခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။
'' ကျွန်မတို့ဗီဒီယိုက လူငယ်တွေကို အတုယူမှားစေခဲ့တယ်ဆိုရင်တောင်းပန်ပါတယ်'' လို့ ထိုင်းမော်ဒယ်တစ်ဦးကဆိုထားပါတယ်။ အပြာဓာတ်ပုံနဲ့ လောင်းကစားလုပ်ခြင်းဟာ ထိုင်းနိုင်ငံမှာတရားမဝင်ပါဘူး။
Facebook Conversations