ဈေးရောင်းရလို့..အိပ်ငိုက်နေပြီ..

ဖိလစ်ပိုင်မှာ ဆင်းရဲနွမ်းပါးမှုအခြေအနေတွေကြောင့် လမ်းဘေးပေါ်ကလေးတွေရောက်ကြရပါတယ်။ မိဘတွေက ကျောင်းမထားပေးနိုင်တော့ကလေးတွေလည်း လမ်းပေါ်ဈေးရောင်းရတဲ့အဖြစ်ရောက်တော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝင်ငွေလေးရောက်အောင်လို့ပေါ့။ 

ချစ်စရာကောင်လေးတစ်ယောက် အသီးရွက်တွေရောင်းရင်း အိပ်ငိုက်နေတဲ့ ချစ်စရာပုံလေးဟာ လူမှုကွန်ရက်ပေါ်ပျံနှံ့သွားခဲ့တယ်။ နာမည်ကြီး ဖိလစ်ပိုင်မင်းသမီးလည်းဖြစ်၊ အဆိုတော်လည်းဟုတ်တဲ့ Sharon Cuneta က ထိုကလေးကိုတွေ့ပြီး ကောင်လေးအကြောင်းကိုစုံစမ်းခဲ့ပါတယ်။ဓာတ်ပုံကို အမည်မသိ အင်တာနက်သုံးစွဲသူတစ်ဦးရိုက်ကူးခဲ့ပြီး ကောင်လေးဟာ ဈေးဝယ်သူလာတာကိုစောင့်ရင်း ပင်ပန်းလွန်းလို့ အိပ်ငိုက်နေတဲ့ပုံလေးဖြစ်ပါတယ်။ 

ကလေးလေးကိုချစ်လို့ဆိုပြီး Cunetaက ဟင်းသီးဟင်းရွက်အကုန်အားပေးခဲ့ကာ ကျောင်းထားပေးဖို့အထိပါ စီစဉ်ပေးခဲ့တယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations