ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးအနေနဲ့ ယောက်ျားတစ်ယောက်ရဲ့အာရုံစိုက်မှုကို ခဏအတွင်းဖမ်းစားနိုင်ပါတယ်။ ဒါပေမယ့် လှရုံလေးနဲ့သူလိုချင်တဲ့ relationship တစ်ခုကို ကြာရှည်စွာတည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ အလှထက်အရေးကြီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့အရည်သွေးတွေဆိုတာ....
အပြုံး
လူတိုင်းမျက်လုံးမှာ သူမအပြုံးဟာလှနေဖို့မလိုပါဘူး။ သူမကိုချစ်တဲ့ယောက်ျားတစ်ယောက်အမြင်ထဲမှာ သူမအပြုံးဟာအေးချမ်းနေရင် ဘာလိုသေးလဲ?
အချက်အပြုတ်
အချက်အပြုတ်တော်တာကလည်း ယောက်ျားတစ်ယောက်နှလုံးသားကို ကောင်းကောင်းသိမ်းပိုက်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။
ပျော်ပျော်နေတတ်ခြင်း
အမြဲတမ်းကြီး အေးစက်၊ ရေခဲတုံးလိုနေနေတာထက်စာရင် တစ်ခါတစ်လေ ပေါကြောင်ကြောင်အပြုအမူမျိုးတွေက နှစ်ယောက်လုံးအတွက် စိတ်ပြေလျော့မှုတစ်မျိုးဖြစ်စေပါတယ်။
ဆံပင်ရှည်
ဆံပင်ရှည်တဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေပိုသဘောကျပါတယ်။ ဆံပင်ရှည်ရင် မိန်းကလေးတိုင်းယဉ်ယဉ်လေးနဲ့လှတယ်ဆိုတာတော့ လူတိုင်းထောက်ခံတယ်ဟုတ်!
ဂရုစိုက်မှု
ယောက်ျားတိုင်း စိတ်အားငယ်နေချိန် သူချစ်တဲ့မိန်းမဆီက မိခင်တစ်ယောက်လို ဂရုစိုက်ပေးတာကိုလိုချင်ပါတယ်။
သဘာဝဆန်ခြင်း
မိတ်ကပ်ကြီးတွေ ထူပိန်းနေတာထက်စာရင် သဘာဝဆန်တဲ့အလှမျိုးကို သူတို့ပိုသဘောကျပါတယ်။
ကြင်နာတတ်ခြင်း
ခွေးလေးတွေ..ကြောင်လေးတွေ ချစ်စရာကောင်းတဲ့ကလေးလေးတွေ တွေ့ရင် မြှူတတ်တဲ့မိန်းကလေးတွေကိုလည်း စိတ်ဝင်စားပါတယ်တဲ့။
အာရုံစူးစိုက်တတ်ခြင်း
အလုပ်ပဲဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုမှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုဟာလည်း ဘာနဲ့မှမတူပါဘူး။
ဟာသဥာဏ်ရွှင်ခြင်း
စိတ်ညစ်နေချိန် သူ့ကိုချက်ချင်းရယ်မောအောင် ဟာသပြောပြပေးနိုင်တဲ့ မိန်းကလေးမျိုးကို သဘောကျပါတယ်။
Facebook Conversations