စေတနာအကျိုးရောင်ပြန်ဟပ်မှာပါ...

အသက်ငယ်ရွယ်သေးတဲ့ စုံတွဲတွေအနေနဲ့ ကလေးတစ်ယောက်ပြုစုပျိုးထောင်ဖို့ မဖြစ်နိုင်တဲ့အခါ ကလေးတွေစွန့်ပစ်တာတို့၊ ကလေးဖျက်တာမျိုးတွေလုပ်လာကြပါတယ်။ အချို့ကလည်း ငွေရေးကြေးရေး အဆင်မပြေလို့ စွန့်ပစ်သွားကြတာတွေရှိပါတယ်။ အချို့မိန်းကလေးတွေအတွက် ကလေးဖျက်ချခြင်းက သူတို့အတွက် တစ်ခုတည်းသော အဖြေဖြစ်ခဲ့တယ်။ 

ဗီနမ်ယမ် အရှေ့တောင်ပိုင်းကို အခြားအာရှနိုင်ငံတွေနဲ့ယှဉ်လျှင် ကလေးစွန့်ပစ်မှုရာခိုင်နှုန်းဟာ ၈ဝ% လောက်ရှိကြောင်းတွေ့ရပါတယ်။ ဗီယမ်နမ် ကန်ထရိုက်တာတစ်ဦး  Tong Phuoc Phuc ဟာ ဆေးရုံမှာ စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အလွန်ကိုစိတ်မကောင်းဖြစ်ခဲ့တယ်။ ဒီလိုလုပ်ရပ်တွေကို ဆက်လက်မကြည့်နိုင်တော့တဲ့အဆုံး သူတစ်ခုခုဆုံးဖြတ်ခဲ့တယ်။ 

ဗီယမ်နမ် အာဏာပိုင်တစ်ဦးကို သူကိုယ်တိုင်သွားပြီး ကလေးတွေကိုမွေးစားခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။ ခွင့်ပြုချက်လည်းရရော၊ ဖျက်ချခံရတဲ့ ကလေးတွေအတွက် အုတ်ဂူလေးလုပ်ပေးပြီး စွန့်ပစ်ခံရတဲ့ ကလေးတွေကို မွေးစားခဲ့ပါတယ်။Tong ဟာအရမ်းချမ်းတဲ့လူမဟုတ်ပေမယ့် သူတတ်နိုင်သလောက် ကလေးတွေကို ပြုစုပျိုးထောင်ခဲ့တယ်။ ရာပေါင်းများစွာသော ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရတာ သူ့အတွက်တော့ တကယ်ခက်ခဲခဲ့ပါတယ်။ 

သူ့ရဲ့အကြောင်း အင်တာနက်တွင် ပျံနှံ့သွားချိန်မှာတော့ ကူညီဖို့ထက်သန်နေတဲ့ လူတွေ ကလေးတွေဆီ လာရောက်လှူတန်းကြပါတယ်။ ကလေးတွေအားလုံးကလည်း သူ့ကိုချစ်သတဲ့။ ကလေးတွေအား ပြုစုပျိုးထောင်ပုံကို အောက်ကဗီဒီယိုမှာဖော်ပြထားပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations