သူဆေးလိပ်သောက်ခဲ့တဲ့ ပိုက်ဆံတွေကိုပြန်တွက်ကြည့်ရင် ကားတစ်စီးအပြင် အိမ်တစ်လုံးတောင် ဝယ်လို့ရတယ်တဲ့။

ဆေးလိပ်သောက်ခြင်းက အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ တီဗီ ကြေငြာတွေ ၊ စီးကရက်ဘူးခွံတွေမှာ သတိပေးစာတွေကပ်ထားပေမယ့်သောက်တဲ့လူတွေကတော့ သောက်နေဆဲပါပဲ။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက လူတွေက ဆေးရွက်ကြီးတွေလိပ်ပြီးသောက်ကြတာပါ။ အခုတော့ စီးကရက်က လူတွေရဲ့နေ့စဉ်အစိတ်ပိုင်းတစ်ခုလိုဖြစ်လာတယ်။ 

ကျန်းမာရေးကိုလည်းထိသလို ပိုက်ဆံလည်းကုန်ပါတယ်။ မလေးရှားမှာနေထိုင်တဲ့ Carlos Phang က တစ်နေ့ကို ဆေးလိပ် အနည်းဆုံး အလိပ် ၃ဝလို့ ဆိုပါတယ်။ ဒီလိုသောက်လာတာ ၁ဝနှစ်လောက်ရှိပါပြီ။ ဆေးလိပ်သောက်ခဲ့တဲ့ ပိုက်ဆံတွေကိုပြန်တွက်ကြည့်ရင် ကားတစ်စီးအပြင်အိမ်တစ်လုံးတောင် ဝယ်လို့ရတယ်တဲ့။ 

ဆေးလိပ်စဖြတ်တုန်းကဆို ပထမဆုံးသုံးရက်မှာ နေမထိ ထိုင်မသာနဲ့ ညဘက်အိပ်လို့လည်းမရ၊ အလုပ်မှာဆိုလည်း စိတ်တွေဂယက်ဂယောက်ဖြစ်နေတယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က ပိုမိုကျန်းမာလာမယ်ဆိုတဲ့ အသိနဲ့ ကိုယ်စိတ် ကိုယ်နိုင်အောင် တိုက်ခိုက်တယ်တဲ့။ အစပိုင်းကတော့ ဘယ်သူမဆိုခက်ပါတယ်။ 

ဆေးလိပ်ဖြတ်ချင်တဲ့သူတွေကို စိတ်ဓာတ်ခွန်အားပေးတဲ့အနေနဲ့ ဖေ့စ်ဘုတ်မှာ သူ့ရဲ့အတွေ့အကြုံကိုမျှဝေခဲ့ပါတယ်။ အခုဆို ဆေးလိပ်မြင်ရင် ရင်တောင်မခုန်တော့သလို ပိုက်ဆံတွေလည်းစုမိလာတယ်။ 

'' ဆေးလိပ်သောက်တာက မင်းကို စိတ်ဖိစီးမှုလျော့ကျစေပြီး အပျင်းပြေတယ်ဆိုတာ သေချာလို့လား..? ကိုယ့်ကိုယ်ကိုယ်လိမ်နေတာတွေ ရပ်လိုက်ပါ။ အကျင့်ဆိုးဆိုတာ ထိန်းရခက်တယ်..ဒါပေမယ့် မင်းမှမနိုင်ရင် ဘယ်သူမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် မင်းလုပ်နိုင်တယ်..မသောက်တော့ဘူးလို့သာ စိတ်ပိုင်းဖြတ်လိုက်ပါ '' လို့ သူ့လိုပဲ အခြားဆေးလိပ်ဖြတ်ချင်သူတွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ အားပေးခဲ့ပါတယ်။ 

၆လအတွင်း RM 4875 ( အမေရိကန် ဒေါ်လာ ၁၁၅၁.၅၃ )စုမိခဲ့တယ်။ ဘဏ်မှာ ၆လအတွင်း RM 24ကို နေ့တိုင်းစုပြီး iPhone 8 Plus ဝယ်ခဲ့တာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိပါဘူး။အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်ဖို့နဲ့ စိတ်နိုင်ရင်ရပါပြီ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations