တစ်နေ့တစ်ခြား လှပတဲ့မိန်းကလေးတွေပေါများလာသော အင်တာနက်ခေတ်မှာ...

အင်စတာဂရမ်မှာ ပုံလေးတွေချည်းပဲ သီးသန့်ရှိတော့..စာမဖတ်ချင်တဲ့လူတွေသုံးလို့အဆင်ပြေမယ့် app တစ်ခုဖြစ်ပါတယ်။ ဖေ့စ်ဘုတ်မှာလိုပဲ အင်စတာဂရမ်မှာလည်း အလှပဂေးတွေ ပေါမှပေါ။ ခုတလော အင်တာနက်ကို လှုပ်ခတ်သွားစေတဲ့ မိန်းကလေးတစ်ဦးကတော့ ထိုင်ဝမ်မှ မော်ဒယ်တစ်ဦးလို့သိရပြီး နေ့စဉ်နဲ့အမျှ ထောင်ပေါင်းများစွာသော users တွေကို သူမဓာတ်ပုံတွေနဲ့ ဆွဲဆောင်ထားပါတယ်။ 

လှပတဲ့ မိန်းကလေးတွေဆို ယောက်ျားလေးတွေလည်းမနေနိုင်ပါဘူး။ ကြည့်ကြတာပါပဲ။ ဒါပေမယ့် မထင်မှတ်ထားဘဲ အရမ်းကိုနာမည်ကြီးသွားတဲ့ လူတွေလည်းရှိတယ်။ အခုပြောပြမယ့် ထိုင်ဝမ်မော်ဒယ်ဟာ သူမနိုင်ငံတွေသာမက နိုင်ငံအနှံ့ပြားမှာ အလွန်နာမည်ကြီးနေလို့ သိရပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းက ထင်းနေပြီး အရမ်းလည်းမပိန်သလို၊ အရမ်းလည်း မဝဘူး။ အကိတ်စာရင်းဝင်လေးပေါ့။ 

ဂျက်စီကာလို့သိရပြီး ထိုင်ဝမ် Fitness မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာအနေထားကြောင့် ဆိုရှယ်မီဒီယာမှာ တစ်ဟုန်ထိုးနာမည်ကြီးသွားတာဖြစ်ပါတယ်။ အင်စတာဂရမ် အကောင့်မှာဆို followers ပေါင်း ၂၉ဝဝဝဝ ရှိပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations