ခွေးလေးတွေရဲ့အပြုအမူကိုကြည့်ပြီး သူတို့ဘာကိုဆိုလိုချင်လဲဆိုတာ သိထားရင် သင်နဲ့ ခွေးလေးကြားက ဆက်ဆံရေးဟာပိုပြီးသံယောဇဉ်တိုးပွားလာနိုင်ပါတယ်။ သူတို့လိုအပ်ချက်လေးတွေသိနေတော့ ကိုယ့်မှာခေါင်းစားစရာလည်းမလိုတော့ဘူးပေါ့။
အောက်အမြှီးဖျားလေးက ရမ်းနေရင် ...
ခွေးက သူ့ရဲ့အောက်အမြှီးဖျားလေးကို ရမ်းနေရင် ဘာတွေဖြစ်နေလဲသူနားမလည်ဘူး.. သူ့ကိုဘာလုပ်စေချင်လဲလို့ သင့်ကိုမေးနေတဲ့သဘောပါ။ အမြှီးရမ်းတာ အရမ်းမြန်နေရင် သူတစ်ခုခုကိုဝန်ခံနေတာဖြစ်ပါတယ်။
အမြှီးက အပေါ်ထောင်ပြီးတုန်ရီနေရင်
သခင်ဘာလုပ်နေလဲဆိုတာကို အကဲခတ်နေတာပါ။ အခြေအနေတစ်ခုအတွက် သူ့ဝင်ပါရင်ကောင်းလား ..မကောင်းလား စဉ်းစားနေတာပါ။
ခြေထောက်နှစ်ခုကြား အမြှီးဝင်နေရင်
သူကြောက်နေတဲ့ လက္ခဏာပါ။ နာကျင်မှာကိုစိုးရွံနေပြီး မသက်သာသလိုခံစားရတယ်။ အကြောင်းပြချက်မရှိဘဲ မကြာခဏသူစိုးရိမ်နေသလိုဖြစ်နေရင် ဆေးခန်းကိုခေါ်ပြကြည့်ပါ။
မျက်လုံးတွေက ကျယ်ဝန်းပြီး တောက်ပနေရင်
သင့်ဆီက အာရုံစိုက်မှုက သူလိုချင်နေတာပါ။ သင့်ဆီကတုံ့ပြန်မှုကိုတစိမ့်စိမ့်ထိုင်ကြည့်ပြီး စောင့်နေလိမ့်မယ်။
မျက်လုံးလေးမှိတ်ပြီး ခုံးနေရင်
သူကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ အချက်ပြနေတာပါ။ သင့်ခွေးလေးက ဘေးကိုစွေပြီး ကြည့်နေရင် သူနာကျင်နေလို့ပါ။ စိတ်ထဲ မသင်္ကာရင်တိရစ္ဆာန်ဆရာဝန်ဆီမှာ သွားပြကြည့်ပါ။
နားလေးက အပေါ်ကိုထောင်တက်နေရင်
သူသိချင်တယ်... ဘာလဲပြောပြပါ ဆိုတဲ့သဘော ။သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အသစ်သစ်တွေကို သူသိချင်ကြောင်း သင့်ကိုလက္ခဏာပြနေတာပါ။
နားရွက်လေး ကုတ်ပြီး အမြှီးလည်းလိပ်နေရင်
သေချာပါတယ်.. သူကြောက်နေတာပါ။ တစ်ခါတစ်လေ သင့်ခွေးက နားရွက်တစ်ဖက်ပဲ ကုတ်နေတာမျိုးဖြစ်တတ်ပါတယ်။ ဘယ်ဘက်နားရွက်ကအဖြစ်များပါတယ်။ သူမရင်းနှီးတဲ့ မိသားစု (သို့) လူတွေနဲ့ တွေ့ရင်လည်း ဒီအပြုမူမျိုးဖြစ်တတ်ပါတယ်။
သမ်းဝေခြင်း
သမ်းဝေပြခြင်းက သူစိတ်မကြည်ခြင်း၊ အာရုံနောက်နေတာလည်းဖြစ်နိုင်ပါတယ်။ သူတို့နဲ့မတည့်တဲ့ ခွေးတွေအနားမှာရှိရင် ခွေးလေးတွေ ဒီလိုမကြာခဏ ပြုမူတတ်ပါတယ်။ သူသန်းတာကိုမြင်ပြီး သူလည်းလိုက်သန်းရင် သူသင့်ကိုချစ်လို့ပါ။
မျက်နှာကို လျှာနဲ့လျက်နေရင်
စိတ်ဖိစီး (သို့) အန္တရာယ်တစ်ခုခုကို ကြိုမြင်နေရင်လည်း ဒီလိုပြုမူပါတယ်။
ဘာမှမရှိပဲ မာန်ဖီနေရင်
သူ့နေရာကို ကာကွယ်ချင်ကြောင်းပြနေတာပါ။ အစားစားတဲ့အခါ ခဏခဏ မာန်ဖီတတ်ကြပါတယ်။
လှိမ့်နေပြီး သူဗိုက်လေးကို ဖော်ထားတဲ့အခါ
သူ သင့်ကိုယုံတယ်။ သင့်ကို စိတ်ပျော်ရွှင်မှုရစေချင်တယ်။ ဗိုက်လေးကို ခဏခဏလှန်ပြရင် သူ့ကိုပွတ်ပေးလိုက်ပါ။ ပျော်သွားပါလိမ့်မယ်။
သခင်ဒူးကို ခေါင်းနဲ့လာလာပွတ်နေရင်
သူသင့်ကို လိုအပ်တယ်..သူ့ကိုဂရုစိုက်ပါလို့ပြောနေတဲ့ အဓိပ္ပာယ်ပါ။ သူ့နှာခေါင်းနဲ့ သင့်လက်ကို လာနမ်းရင် သူ့ကိုပွတ်သပ်ပေးစေချင်တဲ့သဘောပါ။
ဒူးပေါ် သူ့လက်လေးလာတင်ရင်
အကြည့်တွေက စူးရှပြီး သင့်အပေါ်လက်လေးလာတင်ရင် သူ့ကိုအချိန်ပေးပါလို့ ဆိုလိုတာပါ။ သူ့လက်ကို သင်ဖယ်ပစ်လိုက်ရင် သူစိတ်မကောင်းအရမ်းဖြစ်သွားပါလိမ့်မယ်။
သင့်ကို ကျောပေးထားရင်
သင့်ကို သူယုံကြည်တယ်လို့ ဖော်ပြနေတာပါ။
လှုပ်ခါနေရင်
ရေချိုးပြီးတဲ့အခါလည်း ရေတွေစင်အောင် ခါတတ်ပါတယ်။ ရေမချိုးပဲ ခါရင်သူအကြောတွေ ညောင်းညာနေလို့ဖြစ်ပါတယ်။
Facebook Conversations