ဘယ်လိုအကျင့်လက္ခဏာတွေလဲဆိုတော့...

နေ့စဉ်နေ့တိုင်း ကျွန်တော်တို့အိတ်တွေ၊ လက်ကိုင်အိတ်တွေ အမြဲတမ်းဆောင်ထားရပါတယ်။ ဒီလိုအိတ်လွယ်ပုံ လွယ်နည်းကနေ တစ်ဆင့်လူတစ်ယောက်အကြောင်းကို အကဲခတ်လို့ရတယ်တဲ့။ ဘယ်လို အကဲခတ်လဲဆိုတာ အောက်မှာရလဒ်တွေဖော်ပြထားပါတယ်။ 

ကျောပိုးအိတ်

ကျောပိုးအိတ်လွယ်ရတာကို သဘောကျတဲ့လူက အမြဲတမ်းစွန့်စားခရီးတွေထွက်ရတာကို သဘောကျတယ်။ အချိန်မရွေး စိတ်လှုပ်ရှားစရာတွေကြုံရမယ်ဆို ဝဲလကမ်းပါပဲ။ အခြားလူတွေရဲ့အကြိုက်နဲ့ပတ်သတ်ပြီး သင်က ဦးစားပေးလေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်ထက် သူများအတွက် ပိုစဉ်းစားပေးတတ်တယ်။ 

လက်ကိုင်အိတ်

အိတ်ကို လက်ကကိုင်ရတာပဲကြိုက်တဲ့လူတွေက စည်းကမ်းတင်းကြပ်တဲ့သူတွေဖြစ်တယ်။ အရာအားလုံးကို ထိန်းချုပ်ပြီးနေတတ်တယ်။ ကိုယ်ပိုင်အတွေးထက် သူများရဲ့အမြင်မှာ အမြဲတမ်းထိန်းချုပ်ခံပြီးနေတယ်။ 

ပခုံးမှာလွယ်ထားရင်

ပခုံးကနေ အိတ်သိုင်းလွယ်တတ်တဲ့သူက စာဖတ်ဝါဿနာအိုးတွေပါ။ သူတို့စာအုပ်တစ်အုပ်ကြိုက်ပြီဆို နေရာမရွေး သည်းကြီးမည်းကြီးကိုဖတ်တော့တာပါပဲ။ အိပ်ရေးပျက်ခံပြီးတော့ကို စာအုပ်တစ်အုပ်ကုန်အောင်ဖတ်ပါတယ်။ 

ပခုံးသိုင်းလွယ်ထားရင်

ပခုံးသိုင်းလွယ်တတ်တဲ့သူက အလွန်ဥာဏ်ကြီးသူတွေဖြစ်ပါတယ်။ ဖြတ်ထိုးဥာဏ်အရမ်းကောင်းလို့ တစ်ခုခုမေးလိုက်ရင် သူမသိတာ ဘာမှမရှိသလို၊ ပြဿတက်ရင်လည်း သူ့နည်းလမ်းတွေက တကယ်ဟန်ကျတယ်။ ဒါကို တစ်ချို့ က အားနည်းချက်လိုအသုံးချပြီးတော့ သင့်ကိုဒုက္ခရောက်အောင်ခွင်ဆင်ချင်ကြသေးတယ်။ ဒါပေမယ့်လည်း သင်ဟာ ဒီလိုလူတွေရှိလို့ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ထင်နေလေရဲ့ ။

အရှေ့ ကိုထုတ်လွယ်ထားရင်

စိတ်မြန်လက်မြန် သမားတွေပါ။ တစ်ခုခုဆို ဇိုးခနဲ ဇတ်ခနဲ ထလုပ်လိုက်ရမှကျေနပ်တယ်။ သွားမယ်ဆို ချက်ချင်း၊ စားမယ်ဆို ချက်ချင်း။ အချိန်တွေဆွဲနေတတာ သူမကြိုက်ဘူး။ ဒီလူတွေရဲ့နေထိုင်မှုက လွတ်လပ်တယ်။ စိတ်ကူးကောင်းတယ်။ ပြောလိုက်တဲ့စကားတိုင်း တစ်ဖက်သားကိုမနာကျင်အောင် ဆိုတတ်တယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations