သူမရဲ့သင်ကြားမှုက တကယ်လက်တွေ့ကျတော့....

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှ အမျိုးသမီးတစ်ဦး ၅နှစ်အရွယ်သားလေးကို ဇန်နဝါရီလ ၁၈ရက်၊ ကြာသပတေးနေ့တွင် ကျောင်းမသွားချင်တဲ့ ကလေးအမှိုက်ကောက်ဆိုပြီး လမ်းမပေါ်မှာ သားဖြစ်သူကို အမှိုက်တွေကောက်ခိုင်းခဲ့ပါတယ်။ 

အမေဖြစ်သူက Nuttanitcha Chotsirimeteekul လို့သိရပြီး သားဖြစ်သူကိုပညာမသင်ချင်ရင်တော့ တကယ့်လက်တွေ့ဘဝကြီးမှာ ဘယ်လောက်ခက်ခဲကြောင်း သင်ပြပေးချင်တဲ့အတွက် ဒီလိုအပြစ်ပေးခဲ့တာဖြစ်ပါတယ်။ 

သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ၂.၂ ကီလိုမီတာ၊ ၁.၃ မိုင် လမ်းလျှောက်ခိုင်းပြီး လမ်းပေါ်ကအမှိုက်တွေကို ကောက်ခိုင်းခဲ့တယ်။ အမှိုက်တွေ ၂ကီလိုဂရမ် (၄.၄ ပေါင်) လောက်ကောက်ခဲ့ပြီး ရောင်းချခဲ့ကြောင်းတင်ထားပါတယ်။ 

ပုလင်းတွေကိုစုပြီးတော့ ကလေးက ဒီအမှိုက်တွေအိမ်ယူသွားလို့ရလားဆိုပြီးမေးတယ်။ ယူ၊ မယူဖို့ တိုက်ရိုက်အဖြေမပေးပဲ Chotsirimeteekul က အိမ်ကို ဘတ်စ်ကားစီးပြန်ဖို့ကော ကားခရှိလားလို့မေးပါတယ်။ ကလေးက အိမ်ကိုကားစီးပြန်ဖို့ ကားခမရှိဘူးပြောတော့ ကားစီးပြန်ဖို့အတွက် ပိုက်ဆံရှာမှဖြစ်မယ်လို့ အမေကပြောလိုက်တယ်။ အဲ့ဒါနဲ့စိတ်ပြောင်းသွားပြီး ရတယ်.. သူလမ်းလျှောက်ပြန်မယ်လို့ ကလေးကပြောတယ်။ 

လမ်းတစ်ဝက်ရောက်တော့ ရေခဲမုန့်စားချင်တယ်လို့ ထပ်ပြောပါတယ်။ ထုံးစံအတိုင်း ပိုက်ဆံရှိလားမေးတော့ ကလေးမှာ မျက်နှာညှိုးသွားပြန်တယ်။ အဲ့ဒီတော့မှ ပိုက်ဆံမရှိရင် သူလိုချင်တာတွေမရနိုင်ဘူးဆိုတာကို သဘောပေါက်သွားပုံရပါတယ်။ ပိုက်ဆံရှိဖို့အတွက် ပညာတတ်မှဖြစ်မယ်ဆိုတာအမေဖြစ်သူက လက်တွေ့ သင်ခန်းစာပို့ချပေးလိုက်တာပါပဲ။ သူမရဲ့ဖေ့စ်ဘုတ်ပေါ်က ဗီဒီယိုလေးဟာ ချက်ချင်းကိုနာမည်ကြီးသွားပြီး 70,000 likes နဲ့ 60,000 shares ရရှိခဲ့ပါတယ်။သူမရဲ့ကလေးအပေါ် သွန်သင်ဆုံးမမှုကိုလည်း လူတွေက လေးစားခဲ့ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations