ဘယ်လိုရုပ်ရှင်ကားတွေလဲဆိုတော့...

ပညာရတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကြောင့် ကလေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ နားလည်မှုတွေ အများကြီးပြောင်းလဲသွားစေပါတယ်။ ဘယ်လို ရုပ်ရှင်မျိုး ကလေးတွေကိုကြည့်ခိုင်းသင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ 

Inside Out

Inside Out

ဒီဇာတ်လမ်းထဲမှာ Riley ဆိုတဲ့ ၁၁နှစ်ကျောင်းသူလေးဟာ သူများတွေလို သာမန်လူတစ်ယောက်ပါပဲ။ သူမမှာ စိတ်ခံစားချက် (၅)မျိုးနဲ့ ထိန်းချုပ်ခံထားရတယ်။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း ၊ ကြောက်လန့်ခြင်း ၊ ဒေါသထွက်ခြင်းနဲ့ စိတ်ပျက်ခြင်းတို့ဖြစ်တယ်။ ဒီခံစားချက် ၅မျိုးလုံးနဲ့ နေထိုင်နေပြီး သူမမိဘတွေနဲ့ မကြာခင်မှာ အခြားမြို့ တစ်ခုကိုပြောင်းရွေ့နေထိုင်ရတယ်။ မြို့ သစ်၊ ကျောင်းသစ်ကိုရောက်တော့ အရာရာဟာ အသားမကျဖြစ်ပြီး သူမရဲ့ စိတ်ခံစားချက်တွေဟာလည်း အစကနေ ပြန်အလုပ်လုပ်ရတယ်။ ဒီကာတွန်းကားလေးက အဓိကပြချင်တာဟာ နေထိုင်မှုအပေါ် စိတ်ခံစားချက်တွေဟာ ဘယ်လောက်ထိလွှမ်းမိုးမှုရှိနေကြောင်း သရုပ်ဖော်ပြထားတာဖြစ်ပါတယ်။ ကလေးတစ်ယောက်အနေနဲ့ ဘယ်လိုတွေးခေါ်လဲ...အမြင်တွေဘယ်လိုရှိလဲဆိုတာကိုပါ ပြထားပါတယ်။

Moonrise Kingdom

Moonrise Kingdom

ဆယ်ကျော်သက်အရွယ် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ခင်စုံမက်ပြီး လူကြီးတွေရှိတဲ့နေရာကနေ ထွက်ပြေးလာကြတယ်။ Sam ဆိုတဲ့ကင်းထောက်လူငယ်လေးဟာ မိဘမဲ့ဖြစ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဘဝရှိခဲ့တယ်။ Sam ရဲ့မွေးစားမိဘတွေက သူ့ကိုနားမလည်ပေးသလို သူရွေးချယ်တဲ့ ကင်းထောက်ကိုလည်း သဘောမကျခဲ့ဘူး။ Suzy ဆိုတဲ့ ၁၂နှစ်အရွယ် မိန်းကလေးနဲ့ ချစ်သူဖြစ်သွားခဲ့တယ်။ ဒီကလေးနှစ်ယောက်ရဲ့ကိုယ်အမူရာတွေဟာ ထူးဆန်းတယ်။ သူတို့နှစ်ယောက်တည်း နေရာသစ်တစ်ခုမှာအခြေချပြီးပျော်ရွှင်စွာ နေထိုင်သွားချင်တယ်။ ဒီဇာတ်ကားကိုကြည့်ပြီးရင် အတွေးမြင်ကောင်းတွေအများကြီးရရှိနိုင်ပါတယ်။ 

August Rush

August Rush

ဒီဇာတ်ကားလေးကို လူတိုင်းသိမှာပါ။ Evan Taylor ဆိုတဲ့ကောင်လေးဟာ မိဘမဲ့ကျောင်းမှာနေတယ်။ သူ့မှာ သူများနဲ့မတူတဲ့ ဂီတပါရမီတွေပါနေတယ်။ သူဘယ်သွားသွား ဂီတသံတွေပဲ နားထဲမှာကြားနေတယ်။ သူ့မိဘတွေကလည်းအနုပညာရှင်တွေဖြစ်တယ်။ ဒါပေမယ့် ကလေးအသက်ရှင်နေမှန်း သူတို့မသိဘူး။ Evan က မိဘမဲ့အိမ်ကနေ ပြေးထွက်လာပြီး နယူးယော့ကို ရောက်သွားခဲ့တယ်။ အဲ့ဒီမှာ သူ့အဖေနဲ့ အမေကိုတွေ့နိုင်မယ်လို့ ယုံကြည်ထားတယ်။ အရမ်းကောင်းတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ ဂီတနဲ့ပတ်သတ်ပြီးတော့လည်း သူ့ခံစားချက်တွေကို အဓိကရိုက်ပြထားတယ်။

The Book Thief

The Book Thief

၉နှစ်မိန်းကလေး Liesel ရဲ့အကြောင်းကို ရိုက်ထားတာပါ။ဒုတိယ ကမ္ဘာစစ်တုန်းက Munich သို့ပြောင်းရွေ့ နေထိုင်ပြီး မွေးစားမိဘတွေနဲ့အတူနေထိုင်တယ်။ သူမကို စာဘယ်လိုဖတ်ရမယ်ဆိုတာ သူတို့သင်ပေးခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး သူမအတွက် စာအုပ်တွေဟာ မရှိမဖြစ် အစိတ်ပိုင်းတစ်ခုလိုဖြစ်လာတယ်။ နောက်ပိုင်း မနေနိုင်တော့ စာအုပ်တွေကိုခိုးတယ်။ စာဖတ်ခြင်းကနေပဲ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သူမနားလည်နိုင်တယ်။ အဲ့ဒီအချိန်တုန်းက လူမျိုးရေးခွဲခြားမှုရှိနေသေးတယ်။ သူမက ဂျုးလူမျိုးပါ။ စာအုပ်တွေရဲ့အကူညီနဲ့ Liesel ဟာ စစ်ဖြစ်နေစဉ်အတွင်း ဘယ်လောက်ဆင်းရဲချို့ တဲ့စွာနေရကြောင်းနဲ့ သူမဘ၀ဇာတ်လမ်းကို စာအုပ်တစ်အုပ်ရေးခဲ့တယ်။ 

Dead Poets Society

Dead Poets Society

Welton Academy ကို လူငယ်ယောက်ျားလေး ၇ယောက်ဝင်ရောက်ခဲ့တယ်။ သူတို့ရဲ့ပထမဆုံး စာသင်ရက်မှာ John Keating (Robin Williams) ဆိုတဲ့ဆရာအသစ်နဲ့ တွေ့ဆုံခဲ့တယ်။ ထိုဆရာရဲ့ သင်ကျောင်းမှုတွေက ဘယ်သူနဲ့မှ မတူပဲ ကွဲထွက်နေတာကိုတွေ့ရတယ်။ ကဗျာတွေရဲ့လှပမှုတွေကို ကျောင်းသားတွေ ခံစားတတ်အောင် သင်ပြခဲ့တယ်။ ဒီဇာတ်လမ်းလေးက ဆရာတစ်ယောက်ရဲ့သင်ကြားမှုက ကျောင်းသားတွေရဲ့ မျှော်လင့်ချက်၊ လောကကြီးပေါ် သူတို့အမြင်တွေနဲ့ ပတ်သတ်ပြီးအရေးကြီးတယ်ဆိုတာကို ရိုက်ပြထားတာဖြစ်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations