မကောင်းတော့တဲ့ခေတ်ကာလ အနေထားမှာ ရှက်ရွံ့ကြောက်လန့်နေရုံနဲ့ မပြီးတော့...

မိန်းကလေးတွေအတွက် မလုံခြုံတော့တဲ့ ခေတ်ကာလကြီးမှာ တစ်ခုခုအရေးရယ်အကြောင်းရယ်ဖြစ်လာပြီဆို အားနွဲ့ ၊ ကြောက်လန့်နေလို့မဖြစ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ခုခံနည်းလေးတွေကိုမျှဝေပေးချင်ပါတယ်။ ဒီနည်းလမ်းတွေက တကယ်လည်းထိရောက်ပြီး တိုက်ခိုက်သူဟာ ဘယ်လောက်ပဲအင်အားကြီးနေပါစေ အမျိုးသမီးတိုင်း လက်တွေ့အသုံးချနိုင်မှာပါ။ 

ပထမဆုံးအနေနဲ့ တကယ့်အားနည်းချက်နေရာတွေကို မှတ်ထားပါ

ပထမဆုံးအနေနဲ့ တကယ့်အားနည်းချက်နေရာတွေကို မှတ်ထားပါ

သင့်ကို တိုက်ခိုက်သူဟာ ဘယ်လောက်ပဲအင်အားကြီးနေပါစေ.. အဓိကနေရာတွေကိုသိထားရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကုခံနိုင်တယ်။ မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း ၊ ရင်ဘတ်၊ ဒူးနဲ့ ပေါင်ခြံတို့ဖြစ်ပါတယ်။ ကြိုက်သလိုပြန်တိုက်ခိုက်ပါ.. သေချာမှတ်ထားရမှာက အဓိကနေရာကို တစ်ချက်တည်းနဲ့ သူ့ကိုနာသွားအောင်လုပ်ပါ။ ပထမတစ်ခေါက်နဲ့ သူမနာရင် သင့်ကိုသူ ပိုနာကျင်အောင်လုပ်နိုင်လို့ပါ။ 

ရိုးရင်းပြီး ထိရောက်တဲ့ရွေ့ကွက်

  ရိုးရင်းပြီး ထိရောက်တဲ့ရွေ့ကွက်

လက်နဲ့ ဆံပင်ကိုဆွဲဆောင့်သည်ဖြစ်စေ၊ လည်ပင်ညှစ်သည်ဖြစ်စေ သူ့ရဲ့ လက်ချောင်းတွေကို ပုံမှာပြထားတဲ့အတိုင်း ဆွဲခွာပါ။ ဖြစ်နိုင်ရင် အလယ်ကနေ လက်နှစ်ချောင်းကို ဖြဲပါ။ အားရှိသလောက် ရအောင်ဖြဲချပါ။ နောက်တစ်ချက် သင့်လက်မောင်းကနေ အတင်းဆွဲဖက်ထားရင် သင့်လက်တွေကို အခြားနေရာထုရိုက်နေမယ့်အစား ရင်ဘတ်ညှပ်ရိုးနားကို လက်သုံးချောင်းအားနဲ့ ထိုးစိုက်လိုက်ပါ။ ပြင်းထန်တဲ့နာကျင်မှုဒဏ်ကိုတော့ သူခံစားရလိမ့်မယ်။ သူလက်ကနေ လွတ်ထွက်သွားတာနဲ့ ရအောင်ပြေးပါ။ 

တိုက်ခိုက်သူယောက်ျားတွေရဲ့ အဓိက နေရာကို မမေ့နဲ့။ အသက်အန္တရာယ်လုနေရချိန် ရှက်နေလို့မရဘူး။ လည်ပင်းညှစ်ထားရင်၊ လက်မောင်းကိုအတင်းညှစ်ဖက်ထားရင် လက်နဲ့ပေါင်ခြံကို ပိတ်ရိုက်ပါ။ အားပြင်းပြင်းနဲ့သာဆောင့်ရိုက်ပါ။ သူ့လက်ကနေ လွတ်မြောက်အောင်ပြေးဖို့ အချိန်ကောင်းကောင်းရနိုင်တယ်။ 

အတင်းပွေ့ဖက်လာရင်

အတင်းပွေ့ဖက်လာရင်

မျက်နှာချင်းဆိုင် အတင်းပွေ့ဖက်လာလို့ သင်လက်တွေရုန်းမရဖြစ်နေရင် ခေါင်းနဲ့ မျက်နှာကိုတိုက်ပါ။ ခေါင်းနဲ့တိုက်ဖို့ အရပ်ချင်းကွာနေရင် သိပ်အလှမ်းမဝေးတဲ့နေရာတစ်ခုပဲရှိတယ်။ ပေါင်ခြံနားကို ဒူးနဲ့လှမ်းတိုက်ပါ။ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် ဒီတိုက်ခိုက်နည်းက အရေးပါနေတာဆိုတော့ မမေ့လိုက်ပါနဲ့။ လက်တွေ့အသုံးချပါ။ 

နည်းနည်းလေး ချောင်ချိမယ်ဆိုရင် လက်ဖ၀ါးကိုအသုံးပြုပြီးတော့ သူ့ကိုတိုက်ခိုက်နိုင်ပါတယ်။ ဘယ်ဘက်လက်ကို ဆန့်တန်းပြီး ညာဘက်လက်နဲ့ မေးစေ့ (သို့) နှာခေါင်းကို ပုံပြထားတဲ့အတိုင်း တွန်းထုတ်လိုက်ပါ။ အချိန်အတိုင်းတာတစ်ခုထိတော့ သူ့ကိုနာကျင်စေမှာပါ။ 

လက်ကိုကိုင်ရင် ပြန်လည်ရုန်းထွက်ပုံအဆင့်ဆင့်

လက်ကိုကိုင်ရင် ပြန်လည်ရုန်းထွက်ပုံအဆင့်ဆင့်

အနောက်ကနေ သိုင်းဖက်လာရင်

အနောက်ကနေ သိုင်းဖက်လာရင်

ခါးကနေ သိုင်းဖက်လာရင်

ခါးကနေ သိုင်းဖက်လာရင်

နံရံမှာ လာပိတ်ရပ်နေရင်

နံရံမှာ လာပိတ်ရပ်နေရင်

ဘ၀မှာ အသက်အန္တရာယ်မကြုံလာနိုင်ဘူးလို့ ဘယ်သူမှပြောလို့မရဘူး။သိထား၊ မှတ်ထားတော့လည်း ကိုယ့်အတွက် အကျိုးမယုတ်ပါဘူးပေါ့။ အခုခေတ်မှာကိုယ်တစ်ခုခုဖြစ်လို့ လာကယ်မယ့်လူရှိရင်တောင် အချိန်တစ်ခုကတော့ကြာနေဦးမှာပဲ။ ထိုအချိန်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations