မိတ်ကပ်အစွမ်းအံ့မခန်း... :O

တရုတ် အရှေ့ပိုင်း Jiangsu မှာနေထိုင်တဲ့ Yan Xiujiဟာ မိတ်ကပ်ကိုအသုံးပြုပြီး ဒေသခံနဲ့ နိုင်ငံတကာ နာမည်ကြီးအနုပညာရှင်တွေနဲ့ပုံစံတူကို တုယူထားတဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာမှာ အလွန်နာမည်ကြီးနေပါတယ်။ 

အသက် ၂၉နှစ် Yanဟာ “Baibian Aixiu” အမည်ရှိ Weibo အကောင့် နာမည်ကြီးအနုပညာရှင်တွေရဲ့ပုံစံတူမိတ်ကပ်ကို စတင်လိမ်းပြခဲ့ပြီးနောက်  500,000 followers ကျော်တောင်ရရှိခဲ့ပါတယ်။ 

Pear Video မှာ သူမက မနက် ၁၀နာရီဆိုထပြီး နာမည်ကြီးအနုပညာရှင်တွေနဲ့ တူအောင် မိတ်ကပ်ခြယ်နည်းလေ့ကျင့်တယ်လို့သိရပါတယ် ။ပုံမှန်ဆို ၇နာရီကနေ ၉နာရီထိ သူမမိတ်ကပ်ပြင်ဆင်ပြီး ၁၀နာရီ - ၁၁နာရလောက်ဆို ဆိုရှယ်မီဒီယာပေါ် ဗီဒီယိုတွေတင်တယ်လို့သိရပါတယ်။ 

သူမဗီဒီယိုရိုက်ကူးတာအပြီးစီး ၄နာရီကြာအချိန်ယူရပါတယ်။ ကြည့်ရှုသူပျှမ်းမျှက ၅သောင်းလောက်ရှိပါတယ်။ လုံးဝရုပ်တူနေအောင်ပြင်နိုင်တဲ့ သူမရဲ့အရည်ချင်းကတော့ တကယ့်အံ့မခန်းပါပဲ။ 

သူမဗီဒီယိုမှာ မျက်နှာတစ်ခြမ်းကို အုပ်ထားပြီး ကျန်တစ်ဖက်ကို အနုပညာရှင်တွေနဲ့တူအောင် ပြင်ပြထားတာဖြစ်ပါတယ်။ သူမဟာ ငယ်ငယ်လေးတည်းက ပုံစံတူဖမ်းတာကို ဝါဿနာပါခဲ့တာဖြစ်ပြီး ကလေးအမေဖြစ်တော့မှပဲ ဝါဿနာကိုအကောင်ထည်ဖော်နိုင်တော့တယ်လို့ ဆိုပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations