ကလေးတွေကို သူတို့သွန်သင်ဆုံးမပုံက....

အိန္ဒိယ မိဘတွေဟာ ကလေးကို အော်ဟစ်ဆူပူခြင်းဟာ ကလေးအကျင့်ကိုမပြုပြင်နိုင်ကြောင်း ယုံကြည်ထားကြတယ်။ သူတို့ဆီက မိခင်တွေဟာ မျိုးရိုးစဉ်ဆက် ကလေးတွေကို ဘယ်လိုထိန်းသိမ်းခဲ့လဲဆိုတာ နည်းလမ်းလေးတွေ မျှဝေထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးကို ရိုက်ပြီးဆုံးမခြင်းကို သူတို့ရှောင်ထားတာတွေ့ရတယ်။ ဘယ်လိုသွန်သင်ဆုံးမကြလဲဆိုတာ တစ်ချက်လောက် ထောက်ကြည့်လိုက်ပါဦ

အညင်သာဆုံး ဆက်ဆံ

မွေးလာတည်းက ကြီးပြင်းသည်အထိ အော်ဟစ် ဆူပူကျိန်းမောင်းတာမျိုးမလုပ်ဘူး။ သည်းခံခြင်းသည် အကောင်းဆုံးလက်နက်ဆိုတဲ့ စကားတိုင်း ကလေးတွေအပေါ်မှာသည်းခံတယ်။ တိရစ္ဆာန်တောင် လေသံမာတဲ့သူနဲ့ ပျော့တဲ့သူဆို ပျော့တဲ့သူနား ပိုကောင်းရမှန်း ကောင်းကောင်းနားလည်တယ်။ ကလေးဆိုပိုတောင် အချွဲသန်သေးတယ်။ သူတို့ကို ညင်ညင်သာသာပြောတဲ့ သူနားမှာပဲ နေပြီး စကားနားထောင်ပါလိမ့်မယ်။

ထိန်းချုပ်ခြင်း

သိသင့်၊ သိထိုက်တာမျိုးဆို ကလေးတွေကိုပြောပြပါ။ သိခွင့်ပေးလိုက်ပါ။ အရွယ်မရောက်သေးဘူး.. စောသေးတယ်ဆိုပြီး ပိတ်ပင်သင့်တာတွေတော့ရှိပါတယ်။ တစ်ချို့ အရာတွေက ကလေးတွေအနေနဲ့လည်း သိထားသင့်ပါတယ်။ အရာရာတိုင်း မပိတ်ပင်ပါနဲ့။ သင့်ကလေးဟာ အခြားကလေးတွေနဲ့ယှဉ်လာရင်ဘာမှမသိပဲ ပါးစပ်ပိတ်နေရမယ့် အဖြစ်မျိုးမရောက်စေချင်ရင်ပေါ့။ 

အပြုမူ

ကလေးတစ်ယောက်ရဲ့အပြုအမူကို သူတို့အဓိကထား သွန်သင်ဆုံးမကြတယ်။ ကလေးအပြုမူရိုင်းစိုင်းရင် မိဘတွေနဲ့လည်းသက်ဆိုင်လို့ပါ။ အသက် ၂နှစ်လောက်ဆို အကောင်း၊ အဆိုးဝေဖန်ပိုင်းခြားတတ်နေပါပြီ။ လုပ်သင့်၊ မလုပ်သင့်ကို မိဘအနေနဲ့ သေချာစနစ်ကျကျဆုံးမပေးရုံပါပဲ။ 

အကောင်းဆုံး ဥပမာပေး

ကလေးတွေအနာဂတ် ကောင်းမွန်လာဖို့အတွက် မှန်ကန်တဲ့ ဥပမာပေးတတ်ဖို့တော့လိုတယ်။ အတုယူမှားရင် ကလေးလည်း ဘဝတစ်လျှောက်လုံး အတတ်ကောင်းတွေ သင်ယူဖို့စိတ်ထဲရှိတော့မှာမဟုတ်ဘူး။ 

အနေနီးစပ်မှု

အိန္ဒိယ ဒေါက်တာတွေကတော့ ကိုယ့်ကလေးနဲ့အတူတူအိပ်စက်ခြင်းက အနေနီးစပ်မှုရှိပြီး ကလေးရင်ထဲခံစားနေရတာကို ကောင်းကောင်းသိနိုင်တယ်တဲ့။ တစ်ခါတစ်လေ ကိုယ့်ကလေးဝမ်းနည်းနေရင် ရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်ထားပေးခြင်းက အကျိုးသက်ရောက်မှုရှိစေတယ်လို့ သိရပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations