ကွန်ပျုတာအဆက်မပြတ်ကြည့်နေရသူများအတွက်....

သင်ဟာ ပုံမှန်လေ့ကျင့်ခန်းမလုပ်ရင် ခန္ဓာကိုယ်ဟာ ပုံပျက်လာပြီး ကြံခိုင်မှုအားနည်းလာမယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ ဒီနေ့ခေတ် အလုပ်များတဲ့လူတွေအတွက် မလွယ်ကူပေမယ့် တစ်နေ့ကို ၁နာရီလောက်တော့ အချိန်ပေးသင့်ပါတယ်။ နောက်ပြီး ရုံးမှာ ကွန်ပျုတာရှေ့ အလုပ်လုပ်နေရတဲ့သူတွေအနေနဲ့လည်း မျက်လုံးကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ အမြင်အာရုံတွေက လူတစ်ယောက်အတွက် အရေးကြီးဆုံးဖြစ်လို့ပါ။ မျက်လုံးကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ 

အလုပ်ကို ဆက်တိုက်မလုပ်ပါနဲ့။ ခဏနားပါ... ကွန်ပျုတာစကရင်မ်က အကြည့်တွေကို လွှဲပြီး တစ်နေရာကိုကြည့်နေတာမျိုး (သို့) မျက်လုံးကို မိနစ်အနည်းငယ်လိုက် မှိတ်ထားလိုက်ပါ။ ၂ - ၃ နာရီခြား တစ်ခါတိုင်း ဒီလိုလုပ်ပေးဖို့မမေ့ပါနဲ့။ 

ဖော်ပြပုံက မျက်လုံးလေ့ကျင့်ခန်းကို လုပ်လိုက်ကြည့်ပါ။ ညွန်ပြထားတဲ့အတိုင်းမျက်လုံးက လိုက်ကြည့်ရုံပါပဲ။ 

လက်ခလယ်နဲ့ မျက်လုံးတစ်ဝှိက်နားက ကြွက်သားတွေ ပြေလျော့မှုရှိအောင် ပြထားတဲ့ပုံအတိုင်း စက်ဝိုင်းပုံသဏ္ဍာန်လှည့်လည်ပြီး နှိပ်နယ်ပေးပါ။ မျက်လုံးအားကောင်းစေပါတယ်။ 

အပြင်ထွက်တဲ့အခါ အနီးနားကအရာတွေကို အာရုံစိုက်ကြည့်တာထက် အဝေးကအရာတွေကို ကြည့်ပါ 

မုန်လာဥ၀ါဖျော်ရည်ကို သံလွင်ဆီအနည်းငယ်ထည့်ပြီး တစ်နေ့တစ်ခွက်ပုံမှန်သောက်ပေးပါ။ မျက်လုံးကိုပါမက ခန္ဓာကိုယ်ရဲ့အခြားလိုအပ်နေတဲ့ဓာတ်တွေကိုပါ ဖြည့်ပေးနိုင်ပါတယ်။ 

တစ်နေ့တာပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်စေဖို့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ မျက်လုံးနားကို အဓိကသန့်စင်ပေးပါ။ 

အိပ်ယာမဝင်ခင် အနည်းဆုံး ၂နာရီအလိုတည်းက တီဗီ၊ ကွန်ပျုတာ၊ စမတ်ဖုန်းကြည့်ခြင်းကို ရှောင်ပါ။ 

ဖယောင်းတိုင် စိုက်ကြည့်ခြင်းက သင့်မျက်လုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ၁ဝ မိနစ်နီးပါးလောက် လုပ်ပေးပါ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations