လူတိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ ထူးထူးခြားခြားအရာတွေကို တွေ့မြင်ခံစားချင်ကြပါတယ်။ ကမ္ဘာကြီးဟာ သေဆုံးသွားသည့်တိုင် စူးစမ်းလေ့လာစရာတွေအများကြီးရှိနေဦးမှာပါ။ လှပ ထူးခြားတဲ့နေရာတွေ၊ ဘယ်သူမှမသိနိုင်သေးတဲ့ ပုန်းကွယ်နေတဲ့အရာတွေ၊ အများကြီးရှိနေပါတယ်။ အထူးဆန်းဆုံး နေရာတွေထဲမှ စာဖတ်သူတို့နဲ့ မစိမ်းတော့တဲ့ ဂျပန်နိုင်ငံရဲ့ထူးထူးခြားခြားအရာလေးတွေကိုဝေမျှပေးလိုက်ပါတယ်။
အသက်
ကျွန်တော်တို့ ယုံကြည်ထားတဲ့အတိုင်း အသက်ဆိုတာ နံပါတ်သက်သက်သာဖြစ်တယ်။ ဒါပေမယ့် ဂျပန်တွေကတော့ အဲ့ဒီနံပါတ်တွေကို အရေးတယူလုပ်တယ်။ ဂျပန်လူဦးရေ ၅သောင်းလောက်ဟာ အသက် ၁ဝဝကျော်တွေလို့သိရတယ်။
ကျွန်း
ပျော်ချင်လို့ လူတွေဟာ ကျွန်းစုတွေမှာ အပန်းဖြေ ၊ အနားလာလာယူကြတယ်။ ဂျပန်ဟာ ကျွန်းစုပေါင်း ၆၈ဝဝဝ ပိုင်ဆိုင်တယ်လို့သိရပါတယ်။
ရထား
ဂျပန်မှာ ရထားနောက်ကျတယ်ဆို ၈စက္ကန့်ထက်မပိုပါဘူး။ ဒါဟာ ဂျပန်နိုင်ငံရဲ့စိတ်တိုင်းကျစရာအချက်တစ်ချက်ပါပဲ။
အိမ်မွေးတိရစ္ဆာန်
အိမ်မွေးတိရစ္ဆာန်လေးတွေဟာ သင့်ဆီက ဘာမှမမျှော်လင့်ပဲနဲ့ အတိုင်းဆမရှိချစ်နိုင်တယ်။ ဂျပန်မှာ ကလေးထက် အိမ်မွေးတိရစ္ဆာန်ဦးရေက ပိုများတယ်။
သေးခံ
ဂျပန်မှာ ကလေးသေးခံထက် လူကြီးသေးခံတွေ ပိုရောင်းအားကောင်းနေ။
ငွေအကြွေထည့်စက်
ဂျပန်မှာ ငွေအကြွေထည့်စက်ပေါင်း ၅မီလီလျံရှိတယ်လို့သိရပါတယ်။
အိပ်စက်ခြင်း ပေါ်လစီ
အလုပ်ချိန်တွင်း တစ်ယောက်ယောက်အိပ်ပျော်သွားရင် လူကြီးတွေက နားလည်ပေးတယ်တဲ့။ အလုပ်တွေအရမ်းပင်ပန်းလို့ အားပြန်ပြည့်အောင် အိပ်ပါစေဆိုပြီး လွှတ်ထားတာတဲ့။
မွေးစားခြင်း
ဂျပန်မှာ ကလေးအများဆုံး မွေးစားသူတွေက အမျိုးသားတွေသာဖြစ်ပါတယ်။
မီးတောင်
ဂျပန်နိုင်ငံရဲ့ ၇ဝရာခိုင်နှုန်းဟာ တောင်တန်းတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ မီးတောင်ပေါင်း ၂ဝဝရှိပါတယ်။
ငလျင်
တစ်နှစ်ကို ငလျင် ၅ဝဝ ဝန်းကျင်လှုပ်ခတ်ပါတယ်။
နိုဘယ်ဆုရှင်
ဂျပန်မှာ နိုဘယ်ဆုရှင် ၁၈ယောက်ရှိ။
ဘူတာရုံ
ဂျပန်မှာ ဘူတာရုံတွေက အမြဲလူကျပ်လျက်ရှိတယ်။ ရုံးဝန်ထမ်းနဲ့ အခြား ခရီးသည်တွေအမြဲ တိုးဝှေ့ပြီးစီးနေရတာပါ။ နေ့စဉ်ကြုံတွေ့နေရတာမို့ ထူးဆန်းစရာတော့မဟုတ်ဘူး။
Facebook Conversations