သူတို့ကိုယ့်အပေါ် ယုံကြည်နေပြီလားဆိုတာ....

ဘယ်လောက်ပဲ မိန်းတွေဟာ ထူးဆန်းပြီး နားလည်ရခက်တယ်ပြောပြော၊ ယောက်ျားတွေလည်း အတူတူပါပဲ။ တစ်ခါတစ်လေ သူတို့ကိုလည်း ဘယ်လို နားလည်နိုင်အောင်ကြိုးစားရမှန်းမသိဘူး။ တကယ်လို့သင်ဟာ သူ့စိတ်ထဲဘာတွေဖြစ်နေမှန်းမသိရင် ဒီအမူရာလေးတွေကြည့်ပြီး အကဲဖြတ်နိုင်ပါတယ်။ သင့်ရဲ့လူဟာ သင့်အပေါ်အပြည့်ဝယုံကြည်မှုရှိလားဆိုတာကို ဒီအချက်တွေနဲ့ သိနိုင်ပါတယ်။ 

သင့်ဆံပင်တွေကို သူကစားနေရင်

ဒါဟာ သင့်ကို သူအပြည့်ဝယုံကြည်တယ်ဆိုတဲ့ သဘောပါပဲ။ သူသင့်ကိုသဘောကျတယ်။ သင့်ဆံပင်လေးတွေ ကိုင်ရတာ သူကြိုက်တယ်။ ဒါပေမယ့်သူ့ကိုယ်သူ ထိန်းချုပ်နေတယ်။ သူ့ဆံပင်သူဖွနေတယ်ဆိုရင်တော့သူ့စိတ်ထဲဘာရှိနေလဲ ခန့်မှန်းရခက်သွားပြီ။ မိန်းကလေးတွေမှာလည်း ဒီလိုအမူကျင့်ရှိတယ် ဟုတ်တယ်မလား ?

သူ့လက်ကို ခါးအနားထားထားရင်

ယုံကြည်မှုရှိပြီး အရာရာမှာ ကြံခိုင်တဲ့ယောက်ျားလေးတွေဟာ သူတို့လက်တွေကို ခါးအနားမှာထားလေ့ရှိပါတယ်။ လက်ကို ဘောင်းဘီအိတ်ထဲထည့်ထားတတ်တယ်။ ဒီလိုအပြုအမူဟာ ဆွဲဆောင်မှုရှိပြီး သူတို့ကိုယ်တိုင်လည်း သင့်အမြင်ကြည့်ကောင်းနေတယ်လို့ မြင်စေချင်တယ်။ 

နီးနီးကပ်ကပ်ရှိနေခြင်း

သင့်ရဲ့အာရုံစိုက်မှုကိုလိုချင်လို့ သင့်နဲ့နီးနီးကပ်ကပ်မှာပဲ သူရှိနေလိမ့်မယ်။သင့်ကိုအနားကပ်ပြီး စနောက်တာတို့၊ မထိတထိစကားတွေနဲ့ သင့်ကိုစိတ်တိုအောင်လုပ်တာမျိုးပေါ့။

သင့်အမူရာတိုင်း သူလိုက်လုပ်မိနေတာ

သူသာ သင်နဲ့ပတ်သတ်တဲ့အရာတိုင်း သတိထားမိနေရင် သင်ပြုလုပ်တဲ့ အမူရာတွေတိုင်းကို သူလိုက်အတုခိုးလိမ့်မယ်။ သူကိုယ်တိုင်က သင့်ကိုသဘောကျလွန်းလို့ သင်အမူရာတိုင်းကိုလိုက်လုပ်မိနေတာ သူကိုယ်တိုင်တောင် သတိထားမိမှမဟုတ်ဘူး။ 

သူစိတ်လှုပ်ရှားနေမယ်

စစတွေ့ချင်းမှမဟုတ်ဘူး.. နှစ်တွေအကြာကြီးတွဲသည့်တိုင် သင်နဲ့တွေ့ရင် သူစိတ်လှုပ်ရှား ၊ ရင်ခုန်နေတယ်ဆို သူတကယ်သဘောကျလို့ပါ။ စိတ်လှုပ်ရှားလို့စကားပြောနေရင် အကြည့်တွေခဏခဏ လွှဲလိမ့်မယ်။ မျက်လုံးချင်းဆုံရင် ရင်အရမ်းခုန်လို့ သူစကားကောင်းကောင်းမပြောနိုင်ဘူးလေ။ ဒါကြောင့် အကြည့်လွှဲပြီးမှ သူစကားပြောလို့ရတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations