ဘာတွေကို လွဲမှားစွာလုပ်မိနေတာလဲ...

နေ့စဉ် နေ့တိုင်း ကျွန်တော်တို့မသိကျေးကျွန်ပြုမိနေတဲ့ ကျင့်ဝတ်တွေရှိနေပါတယ်။ လူအနည်းငယ်သာ ဒီကျင့်ဝတ်တွေရဲ့ အစဉ်လာကို လိုက်နာကြတယ်။ လူတွေလွဲမှားစွာ နားလည်မိနေတဲ့ ကျင့်ဝတ်ထုံးတမ်းစဉ်လာတွေရဲ့အဓိက အချက်တွေကိုမျှဝေပေးလိုက်ပါတယ်။ 

ဓာတ်လှေကားထဲဝင်ရင် မိန်းကလေးကိုဦးစားပေးခြင်း

ဓာတ်လှေကားထဲဝင်ရင် မိန်းကလေးကိုဦးစားပေးခြင်း

လူကြီးလူကောင်းမှန်ရင် မိန်းကလေးကို ဓာတ်လှေကားထဲ အရင်ဦးစားပေးဝင်ခိုင်းသင့်တယ်လို့ သင်ထင်လိမ့်မယ်။ အမှန်က ဓာတ်လှေကားဆိုတာ အန္တရာယ်များတယ်။ ယောက်ျားလေးကအရင်ဝင်သင့်တာပါ။ ပြီးတော့ တံခါးနဲ့အနီးဆုံးနေရာမှာ ရှိတဲ့လူကဓာတ်လှေကားထဲအရင်ဝင်သင့်ပါတယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်အရေးမကြီးပါဘူး။

ဆိတ်ဖွား

ဆိတ်ဖွား

မိသားစု (သို့) သူငယ်ချင်းတွေနဲ့အတူရှိနေတဲ့အခါ သင်နှာချေရင် ဆိတ်ဖွားလို့ ပြောကြပါလိမ့်မယ်။ ဘာကြောင့် ဒီလိုပြောရတယ်ဆိုတာ အကြောင်းရင်းသေချာမသိကြသလို နှာချေပြီး ၊ ပြီးသွားတာပဲ သင့်အနေနဲ့လည်း ဘာကိုမှသတိထားမိမှာမဟုတ်ဘူး။ ဆိတ်ဖွားလို့ပြောမယ့်အစား နှာချေးသုတ်ဖို့ တစ်ရှုး (သို့) လက်ကိုင်ပဝါ လှမ်းပေးလိုက်တာ ပိုကူညီရာရောက်ပါတယ်။ 

ချောင်းဆိုးတဲ့အခါ ညာလက်နဲ့အုပ်စိုးခြင်း

ချောင်းဆိုးတဲ့အခါ ညာလက်နဲ့အုပ်စိုးခြင်း

ညာလက်ကို အတော်များအသုံးပြုကြတယ်။ လူတစ်ယောက်ကိုနှုတ်ဆက်လည်း ဒီလက်ကိုပဲ အသုံးပြုကြတာကိုး။ ချောင်းဆိုးရင် ညာလက်နဲ့အုပ်စိုးမိတယ်ဆို သင့်လက်မှ ဘတ်တီးရီးယားတွေအများကြီးကပ်နိုင်ပါတယ်။ သတိထားပါ။ 

ငရုတ်ကောင်းဘူး လှမ်းပေးခြင်း

ငရုတ်ကောင်းဘူး လှမ်းပေးခြင်း

ဒီအလေ့ထက အနောက်တိုင်းနိုင်ငံတွေမှာပဲ ရှိတာပါ။ သူတို့ဆီမှာ ထမင်းစားရင် ဆားဘူး၊ ငရုတ်ကောင်းကို တစ်ယောက်နဲ့တစ်ယောက်လှမ်းပေးလေ့ရှိတယ်။ အမှန်က ဆားဘူးပဲတောင်းရင်တောင် ကိုယ်ကအလိုက်တသိ ငရုတ်ကောင်းဘူးကိုပါလှမ်းပေးရမယ်လို့ သူတို့ဆီမှာသတ်မှတ်ထားပါတယ်။ 

သကြားမွှေတဲ့အခါ

သကြားမွှေတဲ့အခါ

ကော်ဖီ( သို့) လက်ဖက်ရည်ပဲဖြစ်ဖြစ် သကြားထည့်မွှေတဲ့အခါ အများစုက နာရီလက်တံတိုင်း မွှေတတ်ကြပါတယ်။ အပေါ်အောက် ခလောက်ပေးမှသာ သကြားခဲလေးတွေက မြန်မြန်ကြေမှာပါ။ 

မင်္ဂလာဆောင်မှာ သတို့သမီးအားဂုဏ်ပြုခြင်း

မင်္ဂလာဆောင်မှာ သတို့သမီးအားဂုဏ်ပြုခြင်း

မထင်မှတ်ထားပေမယ့် မင်္ဂလာဆောင်ဆို ကိုယ်က သတို့သားဘက်ကအသိအနေနဲ့ ပွဲတက်လို့ သတို့သားပဲဂုဏ်ပြုပေးတာမျိုးမလုပ်သင့်ပါ။ သတို့သမီးကိုလည်း သိသိ၊ မသိသိ သူမအတွက် ဝမ်းသာကြောင်းဂုဏ်ပြုပေးသင့်ပါတယ်။ သူများနိုင်ငံတွေမှာတော့ မိန်းကလေးကိုပဲ ဂုဏ်ပြုပေးကြတာများတယ်။ အမှန်က သတို့သားကိုပဲ ဂုဏ်ပြုပေးသင့်တယ်လို့ သူတို့သတ်မှတ်ထားကြတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations