ရယ်စရာလေးတွေရော...ကြည်နူးစရာအချစ်ဇာတ်လမ်းလေးတွေပါ ရောပြွှန်နေမယ့်....

Valentine နေ့မှာ ဖေ့စ်ဘုတ်သုံးလည်း မျက်စိနောက်နေမယ့်အတူတူ ကိုယ့်အိမ်မှာ အပန်းဖြေတဲ့အနေနဲ့ ကိုယ့်ဘာသာချောကလက်လေးဝယ်စားပြီး ရုပ်ရှင်ကြည့်ရတာမကောင်းဘူးလား။ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေထက်ကွဲပြားပြီး သင့်ကိုအတွေးမြင်၊ ရသစုံပေးနိုင်မယ့် ဇာတ်ကားကောင်းလေးတွေကို သေချာရွေးချယ်ပေးထားပါတယ်။ ရယ်စရာလေးတွေရော၊ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးတွေပါ ရောပြွန်နေတဲ့ ဇာတ်လမ်းလေးတွေမို့ ကြည့်ရသူတိုင်း စိတ်ကျေနပ်လိမ့်မယ်လို့ထင်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ 

How To Be Single

ကြည့်ပြီးသူတိုင်းလည်း ဒီဇာတ်ကားလေးရဲ့ပြောချင်တဲ့ အဓိကအကြောင်းအရာကိုသိမှာပါ။ ဒီရုပ်ရှင်ဟာ လက်လွှတ်သင့်တာကို လက်လွှတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ သင်ပေးပါလိမ့်မယ်။ Rebel Wilson ကလည်း ဒီဇာတ်ကားမှာ ဟာသဘုရင်မအဖြစ် သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ 

The Fault in Our Stars

ဒီဇာတ်လမ်းမှာ မင်းသားရော၊ မင်းသမီးပါ အသက်အန္တရာယ်ရှိတဲ ရောဂါဝေဒနာကိုခံစားနေရတာပါ။ သူတို့နှစ်ယောက်ဟာ နှစ်သိမ့်ဆွေးနွေးတဲ့ အဖွဲ့မှာ တွေ့ဆုံသွားပြီးမြင်မြင်ချင်းချစ်ခဲ့မိတယ်ဆိုပါတော့။ တစ်ယောက်အကြောင်းတစ်ယောက် အပြန်လှန်ပြောကြရင်း နောက်ဆုံးထွက်သက်ချိန်ထိ သူတို့နှစ်ယောက် ကျန်ရှိနေတဲ့အချိန်လေးမှာ ဘာတွေလုပ်သွားကြလဲဆိုတာကို ဝမ်းနည်းကြေကွဲစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မျက်ရည်မခိုင်သူတွေ၊ နှလုံးသားနုတွေကတော့ တစ်ရှုးဆောင်ထားပါလို့.... x'( 

Me Before You

တကယ့် အဆွေးကားပါ။ ခုနက ဇာတ်ကားလိုပဲ ကြည့်မိသူတိုင်း မျက်ရည်မကျပဲမနေနိုင်တဲ့ ရုပ်ရှင်ပေါ့။ နောက်ဆုံးဇာတ်သိမ်းကို အားလုံးလက်မခံချင်ပေမယ့် လက်ခံလိုက်ရတာပါပဲ။ 

One Day

The Notebook

Blue Valentine

Crimson Peak

The Reader

Juno

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations