ဆိုင်သွားစရာမလိုတော့ဘူး.. အိမ်မှာတင်လုပ်လို့ရနေပြီ...

လူကြားထဲ ဖိနပ်ချွတ်ရမှာကိုရှက်နေပြီလား.. ခြေထောက်က ကွဲရှပြီး မလှမပဖြစ်နေလို့လေ။ မျက်နှာကိုပဲ အချိန်ပေးပြီးပြုပြင်နေစဉ် ခြေထောက်ကို ဂရုစိုက်ဖို့များ မေ့သွားလေသလား...။ မိန်းကလေးတစ်ယောက်အတွက် မျက်နှာတင်မဟုတ်ဘူး..ခြေထောက်ပါအရေးကြီးပါတယ်။ ဒါကြောင့် ဖြူဖွေးလှပ ၊ စိုပြေတဲ့ခြေထောက်တစ်စုံကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်တယ်နော်

Listerine နဲ့ ရှာလကာရည်

Listerine နဲ့ ရှာလကာရည်

Listerine အနည်းငယ်၊ ရှာလကာရည်အနည်းငယ်ကိုရေနဲ့ရောပါ။ ဒီအရည်တွေကို ရောထားတဲ့ဇလုံထဲ ၁၅မိနစ်တိတိ စိမ်ပေးရပါမယ်။ ပြီးရင် ခြေထောက်ကိုရေပြန်ဆေးချပြီး ဂျီးချွတ်ကျောက်တုံးနဲ့ ဆဲလ်သေတွေတစ်ခါတည်းထွက်သွားအောင် တိုက်ချွတ်ပါ။ရေသန့်သန့်နဲ့ပြန်ဆေးပါ။ အခြောက်သုတ်ပြီးတာနဲ့ moisturize လိမ်းပေးဖို့မမေ့ပါနဲ့။ ခြေထောက်ပုံမှန် အနေထားပြန်ရောက်လာသည်အထိ နေ့တိုင်းလုပ်ပေးပါ။ 

ဆန်မှုန့်၊ ပျားရည်နဲ့ ရှာလကာ

ဆန်မှုန့်၊ ပျားရည်နဲ့ ရှာလကာ

ဆန်မှုန့် လက်ဖက်ရည်ဇွန်း သုံးဇွန်း ၊ ပျားရည်တစ်ဇွန်း၊ ရှာလကာရည် ၂-၃ စက် ။ အားလုံးကို ပျစ်ပျစ်လေးရောလိုက်ပါ။ ၁၀မိနစ်လောက် ကြက်သီးနွေးရေနဲ့ ဆေးပေးပြီး ထိုအရောတွေကို ခြေထောက်ပေါ်ပွတ်လိမ်းပါ။ တစ်ပတ်ကို ၂ ကြိမ် - ၃ကြိမ်လုပ်ပေးပါ။ 

ငှက်ပျောသီး

ငှက်ပျောသီး

ငှက်ပျော်သီးကို ခပ်ပျစ်ပျစ်အရည်ရအောင် ချေပြီး ကွဲရှနေတဲ့ခြေထောက်ကို လိမ်းပေးပါ။ မိနစ် ၂၀လောက် ပေါင်းထားပေးပါ။ ပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ အမြဲတမ်း အဆုံးသတ်အနေနဲ့ ခြေထောက်ကို moisturize လိမ်းပေးဖို့မမေ့ပါနဲ့။ 

ပျားရည်

ပျားရည်

ကြက်သီးနွေးရည်လေးကို ပျားရည်အနည်းငယ်ရောပြီး မိနစ် ၂၀လောက်ခြေထောက်ကို ပွတ်ဆေးပေးပါ။ အိပ်ရာမဝင်ခင် ပုံမှန်လုပ်ပေးနိုင်ပါတယ်။ ခြေထောက်အသားရည် တစ်ပတ်အတွင်း စိုပြေလာပါလိမ့်မယ်။ 

အသီးရွက်ဆီိ

အသီးရွက်ဆီိ

ခြေထောက်ကို အရင်ဆုံးသန့်စင်လိုက်ပါ။ ခြေထောက်ကွဲတဲ့နေရာတွေကို အသီးရွက်ဆီများများသုတ်လိမ်းပေးပါ။ သက်တောင့်သက်သာရှိတဲ့ ခြေအိတ်စွပ်ပြီး တစ်ညလုံး ဒီတိုင်းသိပ်ထားပါ။ မနက်ရောက်မှ ဆေးချပါ။ အိပ်ယာမဝင်ခင် နေ့တိုင်းပြုလုပ်နိုင်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations