တစ်ယောက်အကြောင်း တစ်ယောက်မသိပဲ လက်ထပ်လိုက်မယ်ဆို...

လူတိုင်းဟာ အချစ်ကိုလိုက်ရှာနေသူတွေပါပဲ။ ကံမကောင်းစွာနဲ့ အချိန်မတန်သေးဘဲလူမှန်၊ နေရာမှန်နဲ့မတွေ့တော့ အသည်းတွေကွဲ၊ အဆုံးသတ်လိုက်ရတယ်။ ဒီတော့ တွေ့ဆုံကြုံကြိုက်တုန်း နောက်ထပ်မကွဲချင်တော့လို့၊ တစ်ယောက်တည်းဖြစ်မနေချင်လို့ စောစောအိမ်ထောင်ပြုတဲ့လူတွေလည်းရှိသလို ၊ အချို့ က မယူမဖြစ်အခြေအနေရောက်နေပြီမို့ ယူလိုက်ရတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်အကြာကြီးတွဲပြီးမှ အိမ်ထောင်ပြုတာဟာ ကောင်းတယ်လို့ သူတို့သတ်မှတ်ရတဲ့အကြောင်းရင်းတွေကို တစ်ချက်လောက် ဖတ်ကြည့်လိုက်ရအောင်.. 

အချစ်က အသွင်ပြင်ကိုပြောင်းလဲစေတယ်

ရင့်ကျက်တဲ့သူတစ်ဦးဟာ ဘယ်သူတွေဘယ်လိုပဲမြင်ပါစေ သူတို့အတွေးတွေကိုမပြောင်းလဲပစ်ဘူး။ မှန်တယ်ထင်ရင် သူ့ရဲ့အတွေးခေါ်တွေကိုပြောင်းလဲပစ်လိုက်ဖို့လည်း မကြောက်ရွံ့ ဘူး။ နားလည်ပေးနိုင်စွမ်းရှိပြီး သဘာထားပြည့်ဝတယ်။ နှစ်ဦးနှစ်ဖက် အပြည်အလှန် တကယ်ချစ်တဲ့ Relationship ဆိုတာ အမြဲတမ်းကောင်းတာတွေအတွက်ပဲ မျှော်လင့်နေသူတွေဖြစ်ပါတယ်။ 

အချစ်ဆိုတာ ပေးဆပ်ခြင်း

လူတစ်ယောက်က ချစ်နေရုံနဲ့မပြီးသေးဘူး။ ပါးစပ်က တဖွဖွ ချစ်တယ်လို့ပြောနေရုံနဲ့မပြီးသေးဘူး။ လက်တွေ့အကောင်ထည်ပြဖို့လည်းလိုတယ်။ အချိန်ကြာကြာတွဲလေတစ်ယောက်အကြောင်း တစ်ယောက်ပိုသိလေပါပဲ။ ပြဿနာတွေဖြစ်တဲ့အခါ သင့်ကိုတစ်ယောက်တည်း ရင်မဆိုင်စေဘူး။ သင်နဲ့အတူမားမားမတ်မတ်ရပ်တည်ပေးမယ့်လူမျိုးဖြစ်လာပါလိမ့်မယ်။ 

ဖြစ်လာတဲ့ပြဿနာတိုင်းအတွက် ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်သူ

ပြဿနာတစ်ခုဖြစ်ရင် ကိုယ်မှားမှန်းသိ တောင်းပန်နေရင် တစ်ဖက်ကလည်း ခွင့်မလွှတ်ပေးနိုင်စရာမရှိပါဘူး။ တစ်ယောက်အကြောင်း မသိသေးဘဲ ယူလိုက်တဲ့အခါ စိတ်ကတောက်ကဆဖြစ်စရာကိစ္စမျိုးကြုံလာရင်တောင် နားလည်မပေးနိုင်တော့ဘူး။ တစ်ဖက်စိတ်ခံစားချက်ကိုလည်း ထည့်မတွက်တော့ဘူး... ကိုယ့်ဘာသာနေချင်သလိုနေတယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားတယ်။ ကြာလာတော့ ဒီအစိုင်ခဲတွေက နှစ်ယောက်ကြား ကြီးထွားလာပြီး အဆုံးသတ်ရတဲ့ထိဖြစ်လာရတယ်။ 

သည်းခံမှု

သူကိုယ့်အပေါ် သည်းခံမှုရှိ၊ မရှိဆိုတာသိရဖို့ အချိန်လိုအပ်ပါတယ်။ လူတစ်ယောက်နဲ့ အိမ်ထောင်ပြုတဲ့အခါ တစ်သက်လုံးသူ့ရဲ့အကျင့်စရိုက်တွေနဲ့ပေါင်းသင်းသွားရမှာဆိုတော့ အချိန်ယူလေ့လာဖို့လိုတယ်။ အကြောင်းကောင်းကောင်းမသိသေးပဲ ယူမိတဲ့အခါ ဒီအကျင့်တွေကို လက်မခံနိုင်ရင် နောက်ပြန်လှည့်လို့လည်းမရတော့ဘူး။ ဒါကြောင့် မလောပါနဲ့။ 

တာဝန်သိစိတ်

အလုပ်မှာပဲဖြစ်ဖြစ်၊ ချစ်ရေးချစ်ရာမှာပဲဖြစ်ဖြစ် ဘယ်ကိစ္စမဆို လူမှုဝန်းကျင်မှာရှင်သန်နေရပြီဆို တာဝန်သိစိတ်လေးရှိဖို့တော့လိုပါတယ်။ ခုနကပြောသွားတဲ့အချက်လိုပဲ ကိုယ်ကသေချာအကြောင်းမသိပဲ လက်ထပ်လိုက်တယ်။ တာဝန်ယူစိတ်မရှိတဲ့လူမျိုးဆို ဘယ်လိုမှအဆင်ပြေတော့မှာမဟုတ်ဘူး။ ဘာလုပ်လုပ် တိုင်တိုင်ပင်ပင် မရှိဘူး။ ကိုယ့်စိတ် ၊ ကိုယ့်သဘောတိုင်း လုပ်ချင်ရာလုပ်နေရင် နှစ်ဦးနှစ်ဖက်လုံးအတွက် စိတ်ဆင်းရဲစရာကိစ္စတွေဖြစ်လာပါလိမ့်မယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations