ဘယ်လိုမိန်းမမျိုးကို သူတို့လမ်းခွဲချင်လဲဆိုတော့....

ယောက်ျားတစ်ယောက်ဟာ ချစ်သူထားပြီဆို အရာရာတိုင်းဟာ သူတို့အတွက်ပြောင်းလဲသွားတယ်။ အထူးသဖြင့် သူတို့ကိုယ် သူတို့ကောင်းအောင်နေထိုင်နိုင်ဖို့ ကြိုးစားတယ်။ တစ်ခါတစ်လေ နားလည်ရခက်တဲ့ မိန်းကလေးတွေရဲ့အပြုမူကြောင့် သူတို့ စိတ်တွေရှုပ်ထွေးရတယ်။ အရမ်းစိတ်မွန်းကြပ်လာတဲ့အခါ လမ်းခွဲရုံတင်မကပဲအရာအားလုံး အလွဲလွဲချော်ချော်ဖြစ်ရခြင်းဟာ သင့်ကြောင့်လို့ အပြစ်တင်လာလိမ့်မယ်။ တစ်ခုနားလည်ထားဖို့က အချစ်ကအရာရာမဟုတ်ဘူးဆိုတာလေးပါပဲ။ အတိုင်းတာတစ်ခုထိတော့ အရေးပါပေမယ့် ဘဝရဲ့ကြီးမားတဲ့ကိစ္စတွေနဲ့ယှဉ်တဲ့အခါ မြူမှုန်လောက်ပဲရှိပါတော့တယ်။ ဒါကြောင့် သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဖိအားမပေးပဲ လူမမှန်ဘူးလို့သာ သတ်မှတ်စေချင်ပါတယ်။ အခုတော့ ယောက်ျားတွေစိတ်ကုန်ပြီး လမ်းခွဲချင်တဲ့ မိန်းမတွေရဲ့စရိုက်လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ဒရာမာဇာတ်လမ်းရိုက်သူ

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး စိတ်ကူးယဉ်ဆန်တယ်။ ဒါကို ယောက်ျားအများစု ဒဏ်မခံနိုင်ပါဘူး။ ယောက်ျားတွေက လက်တွေ့ဆန်တာများတော့ မိန်းကလေးတွေရဲ့ဒီအပြုမူကို သူတို့မခံစားနိုင်ဘူး။ သူတို့အတွက် စိတ်ကုန်စရာဖြစ်လာတယ်။ 

ရည်းစားဟောင်း

ရည်းစားဟောင်း

မိန်းကလေးတိုင်း ကိုယ့်ကောင်လေးရဲ့အရင်ရည်းစားဟောင်းကို မုန်းကြတယ်။ ဘာရယ်လို့တော့မဟုတ် သူလုပ်သမျှကိစ္စတိုင်းဟာ ရည်းစားဟောင်းနဲ့ ဆက်နွယ်နေလိမ့်မယ်လို့ စိတ်ထဲကထင်နေမိတာပါပဲ။ တစ်နေရာရာမှာ မုန့်သွားစားလည်း ရည်းစားဟောင်းနဲ့ လာခဲ့ဖူးမှာပဲလို့ စိတ်ထဲမှာတွေးပြီး အလိုလို ဒေါသထွက်နေတာမျိုးလောက် ယောက်ျားလေးတွေအတွက်လည်း စိတ်ရှုပ်စရာကောင်းတာမရှိတော့ဘူး။ 

မယုံသင်္ကာဖြစ်ခြင်း

ဟုတ်လို့လား လို့ ပြန်ပြန်မေးနေတာတွေ ရပ်လိုက်ပါ။ ကိုယ့်ချစ်သူအပေါ် အပြည့်ဝယုံကြည်စိတ်ထားပါ။ သူတို့အရာအားလုံးကို မဖုံးကွယ်ထားနိုင်ပါဘူး။ သင့်ဆီက ယုံကြည်မှုကိုမရရင် သူ့ဆီက လမ်းခွဲမယ်ဆိုတဲ့စကားသံပဲကြားရပါလိမ့်မယ်။ ဒါကြောင့်  ယုံကြည်သင့်သလောက်တော့ ယုံကြည်မှုထားပါ။ 

ပုံစံသွင်း

မိန်းကလေးတွေဟာ ကိုယ်ချစ်တဲ့ယောက်ျားလေးတွေကို စည်းဘောင်ထဲမှာထားချင်တယ်။ သူသတ်မှတ်ထားတဲ့ စည်းဘောင်ထဲမှာ ချစ်သူကို အသားကျစေချင်တယ်။ ယောက်ျားလေးတွေက ချုပ်ချယ်တာမျိုးကိုမကြိုက်ဘူး။ လွတ်လွတ်လပ်လပ်နေချင်တော့ ဒါကို စိတ်ကုန်သွားကြတာပါပဲ။ 

သူတို့နားမလည်နိုင်တဲ့အရာ

သူတို့နားမလည်နိုင်တဲ့အရာ

မိန်းကလေးတွေဟာ စိတ်တို၊ ဒေါသထွက်ရင် လူကြားသူကြားထဲ အော်ဟစ်တတ်တဲ့လူမျိုးဆို ယောက်ျားတွေလန့်ပါတယ်။ ဒါက ဘယ်သူမဆိုမကြိုက်ပါဘူး။ ကိုယ့်ကိုလူကြားထဲလာအော်ရင် နည်းနည်းတော့ရှက်သွားမှာပဲလေ။ ကိုယ့်စိတ်တစ်ခုပဲ ၊ ခံစားချက်ကိုကြည့်ပြီး အပြစ်မတင်ပါနဲ့။ သူဘာကြောင့် ကိုယ်မကြိုက်တဲ့အရာတစ်ခုကိုလုပ်ရလည်းဆိုတာ အကြောင်းရင်းကိုအေးဆေးမေးပါ။ ဒေါသထွက်နေလို့ ပြဿနာက မပြီးသွားဘူး။ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်သွားရပါလိမ့်မယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations