ယူ-၂၀ ကမ္ဘာ့ဖလားက ကစားသမားအတော်များများ ပါလာမှာပါ။

ယူ-၂၀ ကမ္ဘာ့ဖလားကစားခဲ့တဲ့ အောင်သူ တို့လို အဓိက ကစားသမားတွေ ပြန်လည်ပါဝင်လာမယ့် မြန်မာ ယူ-၂၂ အသင်းဟာဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် မြန်မာနိုင်ငံမှာ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲတစ်ခုကိုဆင်နွှဲသွားမှာဖြစ်ပါတယ်။

မြန်မာယူ-၂၂၊ဟောင်ကောင်ယူ-၂၂၊ ကမ္ဘောဒီးယား ယူ-၂၂ နဲ့ ဂျပန်တက္ကသိုလ်များအသင်းတို့ ယှဉ်ပြိုင်ကြမယ့် KBZBank Cup 2017 ပြိုင်ပွဲကို ဇွန်လ ၂၈ ရက်ကနေ စတင်ကျင်းပတော့မှာပါ။

ဇွန် ၂၈ ရက်ကနေဇူလိုင် ၂ ရက်နေ့အထိ ကျင်းပမယ့် KBZ Bank Cup 2017 ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာကျင်းပသွားမှာဖြစ်ပြီး ကွင်းဝင်ကြေးတွေအဖြစ် ရိုးရိုးတန်း ၁၀၀၀၊ ၂၀၀၀ ကျပ် သတ်မှတ်ထားပြီးအထူးတန်းအတွက်တော့ ၀င်ကြေး ၃၀၀၀ ကျပ် သတ်မှတ်ပေးထားပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations