ချစ်စရာကောင်းတဲ့ အသံပိုင်ရှင်လေးပါ။

ပြည်တွင်းအဆိုတော်တွေနဲ့ကွဲပြားတဲ့ ဆိုပုံကြောင့် Facebook မှာ အားပေးသူများခဲ့တဲ့ အဆိုတော်မလေး Mary က သူမရဲ့“ စွဲ” သီချင်း MTV ကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

အမေရိကန်အဆိုတော် လာနာဒယ်ရေးရဲ့ ဆိုပုံနဲ့ ဆင်တယ်လို့ မှတ်ချက်ပေးခြင်းခံရတဲ့ Mary ရဲ့ ပထမဆုံးသီချင်း “စွဲ” ဟာ Audio ထွက် ထွက် ခြင်းမှာပဲ မြန်မာပရိသတ်တွေရဲ့ အားပေးမှု အမြောက်အများကိုလက်ခံရရှိခဲ့တာပါ။

အခု MTV ထွက်လာတဲ့အချိန်မှာလည်း၁၂ နာရီအတွင်း ကြည့်ရှုသူ ၆သောင်းကျော်ရှိခဲ့ပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေကိုလည်းအများအပြား လက်ခံရရှိခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations