ဂိုးပြတ်နိုင်ပွဲကြောင့် ပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

KBZ Bank Cup 2017 အဖြစ်ယှဉ်ပြိုင်ကစားကြတဲ့ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမှာတော့ မြန်မာ ယူ-၂၂ အသင်းဟာသူတို့ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ကမ္ဘောဒီးယား ယူ-၂၂ အသင်းကို ၄-၁ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

မြန်မာ ယူ-၂၂ အသင်းမှာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမားတွေကို အဓိက ပွဲထုတ်ခဲ့ပြီး အဖွင့်ဂိုးကိုပွဲချိန် ၁၈ မိနစ်မှာ ​အောင်​သူက လှိုင်းဘိုဘိုရဲ့ ပြစ်​ဒဏ်​​ဘောကနေ တဆင့်​ဖန်တီး​ပေးမှုကို အနီးကပ်​ပိတ်​သွင်းယူခဲ့တာပါ။ ပထမပိုင်းမပြီးခင်မှာပဲ မြန်မာအသင်းဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။

အဲဒီဂိုးကိုလည်းအောင်သူကပဲ သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲချိန် ၄၂ မိနစ်​မှာရန်​နို​င်​ဦးနဲ့​အောင်​သူ တို့ရဲ့ တွဲလုံးကနေ ဂိုးသမားနဲ့ တစ်​​ယောက်​ချင်းအ​တွေ့မှာ​အောင်​သူက အပိုင်​ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာတော့ကမ္ဘာဒီးယားအသင်းက ချေပဂိုးတစ်ဂိုးရခဲ့ပေမယ့်လည်း မြန်မာအသင်းရဲ့ ကစားပုံက သိသိသာသာအသာစီးရနေခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ ​မောင်​​မောင်​လွင်​ကဂိုးဧရိယာအတွင်းကနေ အပိုင်​ကန်​ပြီး တတိယဂိုးသွင်းယူခဲ့လို့ မြန်မာအသင်းအတွက်အနိုင်သေချာသလောက်ဖြစ်သွားခဲ့ပါတယ်။

တတိယဂိုးသွင်းပြီး ၃မိနစ်အကြာမှာပဲ စည်သူအောင်က ဂိုးဧရိယာအပြင်ကနေ အပြင်းကန်သွင်းပြီးစတုတ္ထဂိုးထပ်မံသွင်းယူသွားခဲ့ပါတယ်။

ပွဲအပြီးမှာ မြန်မာအသင်းက၄-၁ ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီး တစ်ဖက်မှာတော့ ဂျပန်တက္ကသိုလ်များအသင်းကဟောင်ကောင်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Video Credit – MRTV4

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations