ဂျာမနီအသင်းရဲ့ ပျမ်းမျှအသက်က ၂၃ နှစ်ဝန်းကျင်ပဲ ရှိပါတယ်။

၂၀၁၇ ရဲ့ ကွန်ဖက်ဒရေးရှင်းဘောလုံးပြိုင်ပွဲမှာတော့ လူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့ဂျာမနီအသင်းက ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းပြခဲ့တဲ့ ချီလီအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီးချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကိုဝင်ပြိုင်တဲ့ ဂျာမနီအသင်းရဲ့ လူစာရင်းမှာအသက် ၂၃ ၀န်းကျင်ကစားသမားတွေကိုသာ တွေ့ခဲ့ရပြီး မူစတာဖီ၊ တာစတီဂန်၊ စတင်း တို့လို ကစားသမားတွေကအသင်းကို ဦးဆောင်ခဲ့ကြပါတယ်။ တိုက်စစ်မှာ တီမိုဝါနာ ခြေစွမ်းပြခဲ့သလို ကွင်းလယ်က ကင်မစ်ခ်ျ၊ဒရက်စ်လာတို့ကလည်း သူတို့ရဲ့ လျှင်မြန်တဲ့ကစားပုံနဲ့ ပြိုင်ဖက်အသင်းတွေရဲ့ ခံစစ်ကိုဖိအားပေးခဲ့ကြတာပါ။

ဒီပွဲမှာလည်း လူအင်အားအပြည့်အစုံနဲ့ ပွဲထွက်လာတဲ့ ချီလီအသင်းကိုပွဲချိန် မိနစ် ၂၀ မှာ သွင်းယူခဲ့တဲ့ စတင်း ရဲ့ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ချီလီအသင်းမှာ ဆန်းချက်ဇ်၊ ဗီဒယ်၊ ဗားဂက်စ် စတဲ့ ကစားသမားအစုံအလင်ပါဝင်ခဲ့ပေမယ့်လည်း ဂျာမနီလူငယ်အသင်းရဲ့ လျှင်မြန်မှုကို ပွဲချိန်တော်တော်များများထိန်းချုပ်ခဲ့ရပါတယ်။

ပွဲချိန် ဒုတိယပိုင်းမှာ ချီလီအသင်း အခွင့်အရေးပေါင်းများစွာရရှိခဲ့ပေမယ့် ဆန်းချက်ဇ်ရဲ့ အပိုင်ကန်သွင်းမှုတွေကို တာစတီဂန် ကာကွယ်နိုင်ခဲ့တာကြောင့်နည်းပြ ဂျိုအာချင်လို ရဲ့ လူငယ်အသင်းဟာ တိုက်ကြီးများဖလား ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations