အထူးဆန်းဆုံးပုံစံမျိုးနဲ့ သေဆုံး မှုတွေဟာလည်း ရှိနေဦးမှာပါပဲ။

လောကမှာ သေဆုံးခြင်းဆိုတာဟာ ရှင်သန်းခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ တချို့အခြေအနေမျိုးမှာ လူတွေအားလုံးထဲက လူ တစ်ယောက်စီတိုင်းဟာ ကိုယ်ချစ်တဲ့သူတွေကိုထားပြီး နောက်ထပ်လောကသစ်ကို ထွက်ခွာသွားကြရပါတယ်။ ဒါဟာ ဝမ်းနည်းစရာ ကောင်းတဲ့ အမှန်တရားတစ်ခုဖြစ်သလို လူသားဘဝရဲ့ အရှိတရားတစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဆိုဆို သေဆုံးမှုတွေကတော့ ထူးဆန်းအံ့သြဖွယ်ရာကိစ္စရပ်တွေအနေနဲ့ ကျန်နေရစ်တတ်ခဲ့ပါတယ်။ တချို့လူတွေဟာ အိပ်ရင်းနဲ့ကွယ်လွန်ကြတယ်၊ တချို့ကတော့ ယာဉ်မတော်တဆ ဖြစ်မှုကြောင့်၊ တချို့ကျ ဆိုးရွားတဲ့ရာဇဝတ်မှုကြောင့် အသက်ဆုံးရှုံးကြရပြန်ပါတယ်။ အထူးဆန်းဆုံးပုံစံမျိုးနဲ့ သေဆုံး မှုတွေဟာလည်း ရှိနေဦးမှာပါပဲ။ 

အောက်ပါ ပုဂ္ဂိုလ် ၁၀ ဦးကတော့ ထူးဆန်းတဲ့ ကွယ်လွန်ခဲ့သူတွေပဲ ဖြစ်ပါတယ် -

(၁) ဖရန်ဆစ်ဘေကွန်

(၁)	ဖရန်ဆစ်ဘေကွန်

အင်္ဂလိပ်အက်ဆေးကို စတင်ဖန်တီးရေးသားခဲ့တဲ့ ဖရန်ဆစ်ဘေကွန်ဟာ ၁၆၂၅ ခုနှစ်ရဲ့ မွန်းလွဲပိုင်းတစ်ခုမှာ နှင်းတွေကို ပြတင်းပေါက် ကနေတစ်ဆင့် ငေးစိုက်ကြည့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ အအေးဓာတ်က အသားတွေကို မပုပ်မသိုး၊ မဆွေးမြည့်အောင် ဘယ်လိုထိန်းထားနိုင်သလဲဆိုတာ တွေးမိသွားပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ကြက်တစ်ကောင်ကို သတ်ပြီး နှင်းတွေကို ကြက် သားထဲကိုထည့်ခဲ့ပါတယ်။ သူဟာ နှင်းတွေကို အပြင်ထွက်ယူနေတုန်းမှာပဲ အပြင်းစား နမိုးနီးယားရောဂါရရှိပြီး ကွယ်လွန်ခဲ့ပါတယ်။

(၂) ဟိုရေ့စ်ဝဲလ်

(၂)	ဟိုရေ့စ်ဝဲလ်

အမေရိကန်သွားဆရာဝန် ဟိုရေ့စ်ဝဲလ်ဟာ ထုံဆေးလောကရဲ့ ရှေးဦးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူဟာ လူနာတွေ သူကုနေတုန်း မအော် ကြအောင် laughing gas လို့ခေါ်တဲ့ ရယ်ရွှင်စေတဲ့ နိုက်ထရက်စ်အောက်ဆိုက်ဒ်ဓာတ်ငွေ့ကို အသုံးပြုခဲ့ပါတယ်။  နောက်ပိုင်းမှာတော့ နိုက်ထရက်စ်အောက်ဆိုက်ဒ်ဟာ နာကျင်မှုကိုထုံစေလောက်အောင် လုံလောက်တဲ့အာနိသင်မရှိဘူးလို့ တွေ့ရှိလာပြီးတဲ့ ကလိုရိုဖောင်းနဲ့ တွဲပြီး ပိုအားကောင်းတဲ့ ထုံဆေးကိုသုံးလာတဲ့အချိန်မှာ သူဟာ ကလိုရိုဖောင်းတွေ  သေလောက်တဲ့ပမာဏထိထိုးပြီး အဆုံးစီရင်သွားခဲ့ ပါတယ်။

(၃) တိုင်ကိုဘရာဟီ

(၃)	တိုင်ကိုဘရာဟီ

ထင်ရှားတဲ့ အဂ္ဂိရတ်ပညာနဲ့ အာကာသပညာရှင်တစ်ဦးဖြစ်တဲ့ တိုင်ကိုဘရာဟီဟာ ဆီးအိတ်အလွန်အားနည်းတဲ့ရောဂါရှိသူဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ညစာစားပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ရေအိမ်သွားရင် ရိုင်းရာကျမှာစိုးလို့ မသွားဘဲ အောင့်ထားရာ ကနေ ကွယ်လွန်သွားခဲ့ပါတယ်။

(၄) ဟန်စ်ခေါင်းဆောင် အက်တီလာ

(၄)	ဟန်စ်ခေါင်းဆောင် အက်တီလာ

အရှေ့ဥရောပ၊ ကော့ကေးဆပ်နဲ့ အာရှအရှေ့ပိုင်းဒေသတို့မှာ အေဒီ ၁ ရာစုကနေ ၇ ရာစုအထိ နေထိုင်ခဲ့ဖူးတဲ့ ဟန်စ် (တရုတ် ဟန်လူ မျိုးနှင့် ကွဲပြားပါတယ်)လူမျိုးတွေကို အုပ်ချုပ်ခဲ့တဲ့ Attila the Huns လို့ လူသိများတဲ့ အက်တီလာဟာ ကမ္ဘာ့နာမည်အကြီးဆုံးနဲ့အရက်စက်ဆုံး စစ်ဘုရင်တစ်ဦးဖြစ်ပါတယ်။ သူဟာ တစ်နေမှာ မိန်းကလေးငယ်လေးတစ်ဦးကို လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာဦးညမှာ အရက်တွေ အလွန်အကျွံမူးအောင်သောက်ပြီး အစားတွေလည်း နင်းကန်စားခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့နှာခေါင်းကနေ သွေးတွေထွက် ကျလာခဲ့ပါတယ်။ ဒါပေမဲ့ အက်တီလာက ဂရုမစိုက်ခဲ့ပါဘူး။ နောက်ဆုံးတော့ သူဟာ သူ့နှာခေါင်းကထွက်ကျတဲ့ သွေးတွေ နစ်မွန်း ပြီး သေဆုံးသွားခဲ့ပါတယ်။

(၅) အက်စကီးလက်စ်

(၅)	အက်စကီးလက်စ်

အက်စကီးလက်စ်ဟာ ဂရိလူမျိုး အလွမ်းအဆွေးပြဇာတ်တွေကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး ဒီကနေ့ထိ လူသိများနေသေးတဲ့ လက်တစ်ဆုပ်စာ ပြဇာတ်ရေးဆရာတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အက်စကီးလက်စ်ဟာ ထိပ်ပြောင်သူဖြစ်ပြီး သူ့ခေါင်းဟာ ကျောက်တုံးတစ်တုံးလို ပြောင်သလင်းခါနေတယ်လို့ ဆိုစကားရှိပါတယ်။ တစ်ရက်မှာ အက်စကီးလက်စ်ဟာ ဆစ်စလီမြို့ကိုသွားလည်ရာ မှာ လင်းယှန်တစ်ကောင်က လိပ်အရှင်တစ်ကောင်ကို ကိုက်ချီလာရာကနေ လွတ်ကျပြီး အက်စကီးလက်စ်ရဲ့ခေါင်းပေါ်ပြုတ်ကျခဲ့ပါတယ်။ အက်စကီးလက်စ်ဟာ ဒီဒဏ်ရာကြောင့် ကွယ်လွန်ခဲ့ပါတယ်။

(၆) ဆွီဒင်ဘုရင် ဖရက်ဒရစ်ခ်

(၆)	ဆွီဒင်ဘုရင် ဖရက်ဒရစ်ခ်

အဒေါ့ဖ်ဖရက်ဒရစ်ဖ်ဟာ ဆွီဒင်နိုင်ငံကို ၁၇၅၁ ခုနှစ်ကနေ ၁၇၇၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ဘုရင်ဖြစ်ပါတယ်။ ၁၇၇၁ ခုနှစ်ဟာသူ့နတ် ရွာစံတဲ့ နှစ်ပါ။ သူဟာ နန်းတော်မှာ စားတော်ပွဲတစ်ပွဲကျင်းပရာကနေ “ကိုယ့်အသတ်အသေခံပြီး စားတဲ့ ဘုရင်”လို့ နာမည်တွင်ခဲ့ပါတယ်။ သူဟာ ပူတင်းတွေ စားပိုးနင့်အောင်စားရာကနေ အစာမခြေနိုင်ဘဲ သေဆုံးခဲ့လို့ ခုလို နာမည်တွင်ခဲ့တာပါ။

(၇) ဂရီဂေါ်ရီ ရက်စပူတင်

(၇)	ဂရီဂေါ်ရီ ရက်စပူတင်

ရူးသွပ်နေတဲ့ဘုန်းကြီးလို့လည်း လူသိများတဲ့ ရုရှားနောက်ဆုံး ဇာဘုရင် ဂရီဂေါ်ရီရက်စပူတင်ဟာ ကျေးလက်တောင်သူလယ်သမားတစ်ယောက်ဖြစ်သလို နတ်ဆိုးပူးကပ်တာ၊ ဖျားနာတာ အစရှိတာတွေကို ဘုရားကုကုပေးတဲ့ ဆေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးသူ ရုရှားတွေက သူ့ကိုအဆိပ်ခတ်ခဲ့ပြီး သေနတ်နဲ့သုံးကြိမ်ပစ်ခတ်ခဲ့သလို ဓားနဲ့ထိုးတာ နံ ပါတ်တုတ်နဲ့ရိုက်တာတွေလည်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂရီဂေါ်ရီဟာ မသေခဲ့ဘဲ ထွက်မြောက်လွတ်မြောက်ချိန်ရောက်မှ ရေနစ်သေဆုံးခဲ့ ပါတယ်။

(၈) အစ်ဆာဒိုရာဒွန်ကန်

(၈)	အစ်ဆာဒိုရာဒွန်ကန်

အိုင်ဆာဒိုရာဒွန်ကန်ဟာ ခေတ်ပေါ်အကပညာရဲ့မိခင် အမေရိကန်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမဟာ ကားနဲ့ခရီးသွားနေစဉ်အတွင်း မှာ သူမရဲ့လည်ပတ်ပုဝါကို ကားနဲ့ချည်ထားတုန်းမှာ ကားဘီးထဲကို ပုဝါညပ်ပါသွားတာကြောင့် လည်ပင်းရိုးကျိုးကာ လည်မျိုကျပ်ပြီး သေ ဆုံးသွားရတာဖြစ်ပါတယ်။

(၉) ခရစ္စတင် ချက်ဘက်

(၉)	ခရစ္စတင် ချက်ဘက်

အမေရိကန် ရုပ်သံသတင်း သတင်းထောက်တစ်ဦးဖြစ်တဲ့ ခရစ္စတင်ချက်ဘက်ဟာ WTOG နဲ့ WXLT-TV ဌာနတွေမှာ သတင်းထောက် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ Suncoast Digest ဆိုတဲ့ စကားပြောအစီအစဉ်နဲ့ ကျော်ကြားသူတစ်ယောက်လည်းဖြစ်ပါ တယ်။ ခရစ္စတင်ဟာ သတင်းအစီအစဉ်တစ်ခုကို တိုက်ရိုက်တင်ဆက်နေစဉ်အတွင်းမှာပဲ ခြောက်လုံးပြူးတစ်လက်နဲ့ ဘယ်ဘက်နားထင်ကို တေ့ပြီး မောင်းဖြုတ်ချသတ်သေခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

(၁၀) ရှာရွန်လိုပက်ကာ

(၁၀)	ရှာရွန်လိုပက်ကာ

ရှာရွန်လိုပက်ကာဟာ အင်တာနက်စွန့်ဦးပညာရှင်တစ်ဦးဖြစ်ပြီး သူမရဲ့ဝက်ဘ်ဆိုက်ပေါ်မှာ အပြာကားတွေ ကြော်ငြာလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ရှာရွန်ဟာ တစ်နေ့မှာ ချစ်သူတစ်ယောက်ရရှိခဲ့ပြီး သူမရဲ့ချစ်သူက သူမရဲ့လိင်ဆန္ဒအာသီသ ပြည့်ဝစေဖို့ နှိပ်စက်ညှဉ်းပမ်း တာမျိုးတွေ ပုံမှန်လုပ်ဆောင်ခဲ့ပါတယ်။ ရှာရွန်ဟာ သူမရဲ့လိင်ရမ္မက်စိတ်မှာ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ သတ်ဖြတ်မှုအဆင့်တွေအထိကို ပြင်းထန်နေတာကြောင့် သူမရဲ့ တိတ်တိတ်ပုန်းရည်းစားက သူမကို ဆန္ဒပြည့်ဝအောင် နှစ်ဦးသဘောတူ လုပ်ဆောင်ပေးရာကနေ လက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ ရှာရွန်ရဲ့အမှုဟာ အင်တာနက်သုံးရာကနေ ဖြစ်ပေါ်လာတဲ့ နှစ်ဦးသဘောတူ လူသေစေမှု(လူသတ်ပေးမှု) တွေထဲမှာ အစောဆုံးဖြစ်ရပ်တစ်ခုအဖြစ် ထင်ရှားခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations