1. တစ်ဖက်သတ်ဆန်လွန်းတဲ့ မိန်းကလေး
ဒီလိုမိန်းကလေးမျိုးဟာ ချစ်သူသက်တမ်း တစ်လျှောက် သူမအတွက်ပဲ စဉ်းစားတာမို့ သိပ်အဆင်မပြေလှပါဘူး ။ သူမက အစစအရာရာ သင်က တာဝန်ယူဖို့ကိုပဲ လိုလားပါတယ် ၊ သူက ပေးဆပ်သလောက် သူမဖက်ကတော့ ဘာဆိုဘာမှ ပြန်ပြီး တန်ဖိုးထားတာမျိုး ရရှိမှာမဟုတ်ပါဘူး ။ ဒါဟာ ကြာရှည်ဆက်ဆံရတဲ့အခါမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။
2. ကြိုက်တာလုပ်ဖို့ အမြဲပြောတဲ့ မိန်းကလေး
များသောအားဖြင့် ဒီလိုမိန်းကလေးမျိုးကို ယောင်္ကျားလေးတွေ နှစ်သက်တက်ကြပေမယ့် ၊ ကြာလာတဲ့အခါမှာတော့ ငြီးငွေ့မှု စိတ်ပျက်မှုတွေ ဖြစ်လာပါလိမ့်မယ်။
3. ကြိမ်းမောင်းပြောဆိုတက်တဲ့ မိန်းကလေး
ဒီလိုမိန်းကလေးမျိုးကို ရည်းစားအဖြစ် လုံးဝလက်မတွဲသင့်ပါဘူး ။ တစ်ချိန်လုံး သင်ဘာလုပ်လုပ် အပြစ်မြင်ပြီး ဆူပူကြိမ်းမောင်းနေတာမို့ သင်ဟာ စိတ်ချမ်းသာမှု တစ်ချက်ကလေးတောင်မှ မရနိုင်ပါဘူး ။ သင့်ရဲ. ကောင်းကွက်တွေကိုတောင် မမြင်နိုင်လောက်အောင်ထိ ဆိုးရွားလွန်းပါတယ်။
4. စိတ်အပြောင်းအလဲ မြန်တဲ့ မိန်းကလေး
အချို.သောမိန်းကလေးတွေဟာ အခုအချိန်မှာ ဒီအရာကို ကြိုက်သလို ရှိပေမယ့် နောက်တစ်ခေါက်ကျရင် ဒါကို ကြိုက်ချင်မှ ကြိုက်ပါတော့မယ် ၊ ဒီ့အတွက် သင်ဟာ သူမဘာကြိုက်လဲ ၊ ဘာလုပ်ပေးရမလဲ စဉ်းစားမရဖြစ်ပြီး အမြဲပဲ စိတ်ပင်ပန်းနေရမှာပါ ။ ရေရှည်ဆက်ဆံရေးမှာ သင်တို့ဆက်ဆံရေးဟာ ဘယ်လိုမှ အေးဆေးတည်ငြိမ်မှု ရှိမှာ မဟုတ်ပါဘူး။
5. လွှမ်းမိုးချင်တဲ့ မိန်းကလေး
သင်ဘာဝတ်ရမယ် ၊ ဘာစားရမယ် စသဖြင့် အစစအရာရာ စီစဉ်ပေးပါလိမ့်မယ် ။ သင့်လစာကို ဘယ်လိုသုံးရမယ် ၊ ဘယ်အချိန်အိပ်ရမယ် ၊ ဘယ်ကိုတော့ မသွားသင့်ဘူး စသဖြင့် သင့်ဘဝကို အစစအရာရာ ချုပ်ကိုင်ဖို့ ကြိုးစားပါလိမ့်မယ် ။ သူမရဲ. အပြုအမူတွေဟာ ရည်းစားဖြစ်ကာစမှာ သင့်အပေါ်ဂရုစိုက်ပါလားရယ်လို့ ကြည်နူးစရာ ဖြစ်ကောင်းဖြစ်ပေမယ့် ကြာလာတဲ့အခါမှာတော့ သင်ဟာ စိတ်မောလူမော ဖြစ်ပြီး မွန်းကျပ်မှုကို ခံစားရပါလိမ့်မယ်။
6. အမြဲကပ်နေတဲ့ မိန်းကလေး
ဒီလိုမိန်းကလေးဟာ သင်ကလွဲပြီး အခြားဘယ်သူ့ကိုမှ မမြင်ပါဘူး ၊ သင်ဟာ သူမနဲ့ တစ်ချိန်လုံး အမြဲလိုလို မခွဲမခွာ ရှိနေစေလိုတက်ပါတယ် ၊ ရှိနေအောင်လည်း ကြိုးစားပါလိမ့်မယ် ။ ဒါဟာ ရည်းစားဖြစ်ကာစမှာ ကောင်းတယ်လို့ ထင်စရာ ရှိပေမယ့် ရေရှည်မှာတော့ သင့်အလုပ် ၊ ကိုယ်ပိုင်အချိန် ၊ သူငယ်ချင်းမိတ်ဆွေ နဲ့ အခြားမိသားစုဝင်တွေနဲ့ ပတ်သက်ပြီးတော့တောင် ထိခိုက်မှုတွေ ဖြစ်လာစရာ ရှိနိုင်ပါတယ်။
7. ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတဲ့ မိန်းကလေး
အရမ်းကို ရိုးရှင်းပါတယ် ၊ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသူတွေဟာ အခြားလူတွေကို ဘယ်လိုမှ အထင်မကြီးပဲ ငါတကောကော ကောတက်ပါတယ် ၊ အဲ့ဒီတော့ ဘယ်လိုမှ တည်ဆောက်ဖို့ မလွယ်ကူပါဘူး။
8. အခြားသူတွေနဲ့ လိုက်နှိုင်းတက်တဲ့ မိန်းကလေး
သူမက သင့်ကို သူမရဲ. ရည်းစားဟောင်း ၊ သူငယ်ချင်းတွေရဲ. ရည်းစား ၊ အဖေ ၊ အစ်ကို စသဖြင့် အခြားသော ယောင်္ကျားလေးတွေကတော့ ဘယ်လိုဆိုပြီး အမြဲလိုက်နှိုင်းယှဉ်ပြပြီး သင့်ရဲ. အရှိတရားကို လက်မခံနိုင်သူမျိုးပါ ။ သင်ဟာ သူမစိတ်ကူးထဲက ချစ်သူမျိုး ဘယ်တော့မှ ဖြစ်မလာနိုင်တာမို့ စိတ်ပင်ပန်းရပါလိမ့်မယ်။
9. ဒေါသကြီးလွန်းတဲ့ အမျိုးသမီး
ဒေါသကို မထိန်းနိုင်ပဲ ၊ ပြောချင်ရာပြောပြီး လူကြားသူကြား မရှောင် ပြုမူတက်တဲ့ သူမကြောင့် သင်ဟာ မကြာခဏ အရှက်တကွဲ ဖြစ်ရနိုင်ပါတယ် ။ ဒါ့အပြင် သင်ဟာ သူမဘယ်အချိန် စိတ်တိုမလည်း ၊ ငါ့ကိုများ ဒါလုပ်လိုက်ရင် စိတ်ဆိုးမလား ဆိုတာတွေ တွေးပူနေရလွန်းလို့ အဆင်မပြေနိုင်ပါဘူး။
Facebook Conversations