ဒီအချက်တွေနဲ့ တိုက်ဆိုင်နေခဲ့ရင်တော့ သင်နဲ့ သင့်ချစ်သူဟာ ဆက်တွဲလို့ အဆင်မပြေတော့ဘူး ၊ လမ်းခွဲသင့်ပြီဆိုတာ အသေအချာပါပဲ ။

ပြသာနာကို အတူတကွ မဖြေရှင်းခြင်း

သင့်မှာဖြစ်စေ ၊ သူ့မှာဖြစ်စေ တစ်ခုခုအရေးကြုံလာရင် ဘာသိဘာသာ နေလိုက်တက်တာမျိုးပါ ၊ ကိုယ့်ပြသာနာ ကိုယ်ရှင်း လာမရှုပ်နဲ့ဆိုတဲ့ အနေအထားမျိုး ဖြစ်နေပြီဆိုရင်တော့ လမ်းခွဲလိုက်ပါတော့ ။ ချစ်သူတွေဆိုတာ အရာရာ အတူတကွ ရင်ဆိုင်ဖြေရှင်းကြ ရမှာပါ။

အကြောင်းမဲ့ ရန်ဖြစ်ခြင်း

ဘာမဟုတ်တဲ့ အသေးအဖွဲ့လေးကအစ ငြင်းခုန်နေရမယ် ရန်ဖြစ်နေရမယ်ဆိုရင်တော့ သင်တို့ဟာ လက်မတွဲသင့်တော့ပါဘူး ။ ဘာလို့လဲဆိုတော့ တစ်သက်လုံး ဒီလိုပဲ ဖြစ်နေပြီး စိတ်ညစ်နေရမှာမို့ပါ

လမ်းခွဲစကား မကြာခဏပြောခြင်း

စိတ်အခန့်မသင့်လို့ ၊ စိတ်တိုလို့ စိတ်ဆိုးလို့ ပြောကြတာ ဆိုပေမယ့် အမြဲတမ်းဒီစကားကို ဆိုနေမယ် ဆိုရင်တော့ တကယ်ပဲ သင်တို့ လမ်းခွဲလိုက်သင့်ပါပြီ။

တွယ်တာမှု

သင်တို့ တစ်ယောက်နဲ့တစ်ယောက် တွယ်တာမှု မရှိကြတော့ဘူး ၊ အရင်က အမြဲလိုလို တွေ့ချင်နေပေမယ့် ခုတော့ တစ်ခါတစ်ရံမှသာ တွေ့လိုတော့တယ် ၊ အတူတူရှိနေချိန်မှာတောင် အရင်လို ဆက်ဆံမှု မရှိတော့ရင် လမ်းခွဲလိုက်ပါတော့

အဆိုးမြင်စိတ်

သူလုပ်သမျှ ကိုယ်က အကောင်းမမြင်ပေးနိုင် ၊ ကိုယ်ဘာလုပ်လုပ် သူကလည်း အကောင်းမြင် မပေးနိုင်ဘူးဆိုရင်တော့ ဆက်တွဲနေလည်း မောရရုံပဲ ရှိတော့မပေါ့။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations