မဂ္ဂဇင်းကို မှာယူသူဟာ သုံးသန်းကျော်ရှိပြီး အပတ်စဉ်ဖတ်ရှုသူပေါင်း ၂၃ သန်းထိ ရှိကာ ၁၈ သန်းကျော်ကတော့ အမျိုးသားပရိသတ်ပါ ။ ဒီထဲကမှာ ရေကူးဝတ်စုံနဲ့ မော်ဒယ်ဓါတ်ပုံ ဖော်ပြမှုကို ၁၉၆၄ ကစတင်ခဲ့ပြီး ယနေ့ထိ စိတ်ဝင်တစား ဖတ်ရှုသူများပြားလှပါတယ် ။

Tyra Banks

Tyra Banks

မဂ္ဂဇင်းမှာ ဖော်ပြခံရခြင်း မရှိခင်က Tyra Banks ဟာ အောင်မြင်တဲ့ Talk Show တွေ တင်ဆက်သူပါ ၊ သူမဟာ မော်ဒယ်ပြုလုပ်ခြင်းနဲ့ အဓိကဝင်ငွေရရှိသူပါ ။ သူမဟာ Sports Illustrated Swimsuit Edition ရဲ. ပထမဆုံးသော အာဖရိကန်-အမေရိကန် မော်ဒယ်ဖြစ်ပြီး ၁၉၉၇ ခုနှစ်က ဖော်ပြခံခဲ့ရပါတယ် ။

Hannah Davis

Hannah Davis

Hannah Davis ဟာ ကမ္ဘာအလန်းဆုံး နဲ့ ကြည့်လို့ကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားရုံသာမက Sports Illustrated  ရဲ. ရေကူးဝတ်စုံအစီအစဉ်မှာ ဖော်ပြခံရတဲ့ မျက်နှာသစ် မော်ဒယ်တစ်ဦးပါ ။ သူမဟာ Derek Jeter ရဲ. ရည်စားလည်း ဖြစ်သလို Sports Illustrated Swimsuit Issue မှာ ယခုနှစ် ၂၀၁၅ တုန်းကမှ ပါရှိလာသူ ဖြစ်ပါတယ် ။

Marisa Miller

Marisa Miller

Miller  ဟာ အသက် ၃၀ ခန့်ရှိပြီး မဂ္ဂဇင်းရဲ. ၂၀၀၈ ခုနှစ်ထုတ် ရေကူးဝတ်စုံ အစီအစဉ်မှာ ဖော်ပြခံရတဲ့ မိန်းမလှတစ်ဦးပါ ။

Kate Upton

Kate Upton

ငယ်ရွယ်ပြီး တက်ကြွမှုရှိတဲ့ Kate Upton ဟာ ၂၀၁၃ ခုနှစ်ထုတ် မဂ္ဂဇင်းမှာ ပါရှိခဲ့တာ ဖြစ်ပြီး မျက်လုံးပြာ အသားဖြူဖျော့ဖျော့နဲ့ အလွန်ဆွဲဆောင်မှုရှိတဲ့ သူတစ်ဦးဖြစ်ပါတယ် ။

Irina Shayk

Irina Shayk

Irina Shayk ဟာ ရုရှားမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ကျောက်မီးသွေးတွင်း အလုပ်သမားဖခင် နဲ့ ကြင်နာတက်တဲ့ ကျောင်းဆရာမမိခင် တို့ကနေ ဆင်းသက်လာတာပါ ။ သူမဟာ လုပ်ကိုင်သမျှတိုင်းကို ထူးဆန်းတဲ့ မျက်ဝန်းတွေကြောင့် အောင်နိုင်လေ့ရှိပြီး မဂ္ဂဇင်းမှာ ဖော်ပြခံရတာကတော့ ၂၀၁၁ ခုနှစ်ပါ ။ ၂၀၁၄ ခုနှစ်မှာတော့ ပထမဆုံး ရုပ်ရှင်ကားအဖြစ် The Rock in Hercules မှာ သရုပ်ဆောင်ထားပါတယ် ။



Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations