မိမိအင်တာနက် ဒေတာ ဘယ်လောက်သုံးပြီးပြီဆိုတာကို အချိန်နဲ့ တပြေးညီ သိရှိနိုင်မယ့် App လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ် ။

ကျွန်တော်တို့ ယနေ့ခေတ် မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူတွေများပြားလာပြီး အင်တာနက် အသုံးပြုခကို အော်ပရေတာတွေက သုံးစွဲသလောက် data ပမာဏနဲ့ ဖြတ်တောက်တာ ဖြစ်ပါတယ် ။ အဲ့လိုနဲ့ ကျွန်တော်တို့ဟာ နေ့စဉ်လိုလို “သုံးတာခဏလေးပဲ ရှိသေးတယ် ပိုက်ဆံကုန်သွားပြီ ” ” ငွေဖြတ်တာကြမ်းလွန်းတယ် ဟုတ်မှဟုတ်ပါ့မလား ” စသဖြင့် အင်တာနက်အသုံးပြုသူတွေကြား အမြဲတမ်းလိုလို အသံတွေကြားနေရပါတယ် ။ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး မိမိအင်တာနက် ဒေတာ ဘယ်လောက်သုံးပြီးပြီဆိုတာကို အချိန်နဲ့ တပြေးညီ သိရှိနိုင်မယ့် App လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ် ။

ဒီ App ရဲ. နာမည်ကတော့ Internet Speed Meter Lite ဖြစ်ပါတယ် ။ သူ့ရဲ. လုပ်ဆောင်ချက်တွေကတော့ မိမိအသုံးပြုနေတဲ့ အင်တာနက်ဟာ မြန်နှုန်းဘယ်လောက် ရှိနေတယ် ဆိုတာကို status bar မှာ အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးနိုင်ပါတယ် ။ အဲ့လို ဖော်ပြမှုကြောင့် မိမိသုံးနေတဲ့ အင်တာနက်ဟာ လိုင်းကျနေတယ် မကျနေဘူး ဘယ်လောက်ထိ ဒေတာဆွဲနေတယ် ဆိုတာကို သိနိုင်ပါတယ် ။

နောက်တစ်ချက်ကတော့ ဒီ app ဟာ မိုဘိုင်းဒေတာ နဲ့ သုံးစွဲပြီးပမာဏဟာ ဘယ်လောက်ရှိပြီ ၊ wifi နဲ့ ချိတ်ဆက် သုံးစွဲပြီး ပမာဏဟာ ဘယ်လောက်ရှိပြီဆိုတာကို စနစ်တကျပြသပေးပြီး ၊ နေ့.စဉ် ၊ လစဉ် ဇယားအလိုက်လည်း ပြန်လည် ကြည့်ရှုနိုင်ပါသေးတယ်။

ဒီ App ကို ဘယ်ကနေယူမလည်း ?

Andriod App – Download from Google Play Store

Andriod App – Download From 1 Mobile

 

သုံးစွဲပုံ သုံးစွဲနည်းကတော့ လွယ်ကူပါတယ် ဒီ App ကို ဖုန်းထဲ Install လုပ်ပြီးတာနဲ့ ဖုန်း screen ပေါ်က app icon လေးကို နှိပ်လိုက်တာ နဲ့ စတင်အသုံးပြုနိုင်ပါပြီ ။

 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations