သိထားသင့်တာမို့ ဖော်ပြပေးလိုက်ပါတယ် ၊ သင့်မှာရော အမျိုးသမီးတွေ လိုချင်တဲ့ အရည်အချင်းမျိုးတွေ ရှိနေပြီလား

1. အလေးထားမှု

အလေးထားမှု

များသောအားဖြင့် မိန်းကလေးတွေဟာ အရာရာမှာ ဦးဆောင်ဦးရွက်ပြုပေးတဲ့ ယောင်္ကျားလေးတွေကို သဘောကျတက်ပါတယ် ၊ ချစ်သူဘဝမှာတည်းက သင်ဟာ ချစ်သူနဲ့ တွေ့ဖို့ အစီအစဉ်တွေ ပြုလုပ်တာကို မိန်းကလေးက ပွစိပွစိ ဟိုပြောဒီပြော လုပ်ကောင်း လုပ်ပေမယ့် စိတ်ထဲကတော့ ကျိတ်ပြီး ကျေနပ်နေတက်ပါတယ် ။ သင်ဟာ ဦးဆောင်ပြီး ပြုလုပ်ပေးတာဟာ သူမအပေါ် အလေးထားတယ်လို့ ဖော်ပြရာလည်း ရောက်ပါတယ်။

2. မိမိကိုယ်ကို ယုံကြည်မှု

ယောင်္ကျားလေးတွေဟာ အရာရာမှာ ဦးဆောင်ဦးရွက် ပြုရမှာမို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေဖို့ အရေးကြီးပါတယ် ။ မိန်းကလေးက သင့်ကို အားကိုးတကြီး ဖြစ်နေချိန်တွေမှာ သင်ကပါ ကိုယ့်ကိုကိုယ် မယုံကြည်ပဲ တွန့်ဆုတ်တွေဝေ နေတက်သူဆိုရင်တော့ စိတ်ပျက်စရာကြီးပါ ။ လူကြားသူကြားထဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိတာဟာ မိန်းကလေးတွေ အထင်ကြီးစေတဲ့ အချက်တွေထဲက တစ်ခုပါပဲ။

3. သစ္စာရှိမှု

ဒါကတော့ အထူးပြောနေစရာတောင် မလိုပါဘူး ။ သင်က သင့်အမျိုးသမီးလေးကို သင့်အပေါ် သစ္စာရှိစေချင်သလို သူမကလည်း သူမအပေါ် သင်က သစ္စာရှိတာကို လိုလားပါတယ် ။ သင့်ရဲ. သူမအပေါ် သစ္စာရှိမှုဟာ ယောကျာင်္းကောင်း တစ်ယောက်ရဲ. အဂါင်္ရပ်တစ်ခုဆိုလည်း မမှားပါဘူး။

4. ယုံကြည်လေးစားရမှု

လူနှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြဖို့ လွယ်ကူလှပေမယ့် ရေရှည်လက်တွဲဖို့က ခက်ခဲလေ့ ရှိပါတယ် ။ ဒါဟာ ယုံကြည်လေးစားမှုနဲ့ အများကြီး သက်ဆိုင်ပါတယ် ။ သင့်ချစ်သူကောင်မလေးက သင့်အပေါ် ယုံကြည်ရမယ် ၊ လေးစားရမယ် ဆို သင်တို့ ဆက်ဆံရေးက ရေရှည်မှာ ပျော်စရာကြီးပါ ။ သင်ဟာ ကတိတွေ အလီလီပေးပြီး ခဏခဏ ကတိဖျက်တက်သူဆိုရင် မသက်သာလို့ သင်နဲ့တွဲနေရရင်တောင် သင့်ကို အထင်ကြီးစိတ်က ရှိတော့မှာ မဟုတ်ပါဘူး။

5. သနားကြင်နာတက်မှု

မိန်းကလေးတွေဟာ ဂရုစိုက်တာကို လိုချင်တက်သူတွေမှန်း လူတိုင်းသိပြီးသားပါ ၊ လူတစ်ယောက်ကို ဂရုစိုက်တက်ဖို့ဆိုတာ သနားကြင်နာတက်တဲ့ စိတ်ထားအခြေခံ ရှိရမှာပါ ။ သင့်မှာရော ?

6. ဟာသဥာဏ်

မယုံမရှိပါနဲ့ ၊ ခပ်ပေါပေါ နေတာမျိုးမဟုတ်ပဲ အရာရာကို ပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံး ကျော်လွှားသွားနိုင်သူတွေကို မိန်းကလေးတွေ သဘောကျတက်သလို ၊ သူတို့ရဲ. အခက်အခဲတွေကို ရယ်စရာအနေနဲ့ ပြုလုပ်ပြီး စိတ်လက်ပေါ့ပါးအောင် ကူညီပေးနိုင်မယ့် အမျိုးသားမျိုးကို အမျိုးသမီးတွေ အမှန်ပဲ အလိုရှိပါတယ် ။ အမြဲတမ်း ရုပ်တည်ကြီး မနေပါနဲ့။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations