ယနေ့အင်တာနက်ခေတ်ကြီးတွင် ထိုင်ရာမထ တစ်နိုင်ငံလုံးရှိ ကိုယ်စားလှယ်လောင်းများအကြောင်း ၊ ပါတီများအကြောင်း နှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် အားလုံးကို မိမိတို့၏ မိုဘိုင်းဖုန်းများမှတဆင့် လွယ်ကူစွာ သိရှိနိုင်ဖို့

မြန်မာနိုင်ငံရေး အပြောင်းအလဲအတွက် အရေးကြီးသည့် အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပရန် ရက်ပေါင်းအနည်းငယ်သာ လိုတော့သည် ။ ထိုရွေးကောက်ပွဲကြီးသည် တစ်နိုင်ငံလုံးရှိ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်ပြီး နိုင်ငံသားများအနေဖြင့် မိမိတို့ ရွေးချယ်သော ကိုယ်စားလှယ်လောင်း မှန်ကန်ဖို့ အရေးကြီးသည်။ ယနေ့အင်တာနက်ခေတ်ကြီးတွင် ထိုင်ရာမထ တစ်နိုင်ငံလုံးရှိ ကိုယ်စားလှယ်လောင်းများအကြောင်း ၊ ပါတီများအကြောင်း နှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် အားလုံးကို မိမိတို့၏ မိုဘိုင်းဖုန်းများမှတဆင့် လွယ်ကူစွာ သိရှိနိုင်ဖို့ techfun မှ လူငယ်များက ရွေးကောက်ပွဲ သတင်းအချက်အလက် app တစ်ခုဖြစ်သည့် Yway Election information app ကို အခမဲ့ ဖြန့်ချီပေးထားသည်။

Yway Election information app တွင် လုပ်ဆောင်နိုင်မည့် အချက်များမှာ
– မိမိ၏ မဲစာရင်းကို စစ်ဆေးကြည့်ခြင်း
– အခြားသူများအတွက် မဲစာရင်းကို စစ်ဆေးကြည့်နိုင်ခြင်း
– မိမိတို့၏ မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အကြောင်းကို လေ့လာနိုင်ခြင်း
– တစ်နိုင်ငံလုံးရှိ ကိုယ်စားလှယ်လောင်းများ အကြောင်းကို လေ့လာနိုင်ခြင်း
– ကိုယ်စားလှယ်လောင်းများသည် လက်ရှိလွှတ်တော်ကိုယ်စားလှယ် များဖြစ်ပါက ၄င်းတို့၏ လွှတ်တော်တွင်း လုပ်ဆောင်ထားချက်များကိုပါ လေ့လာနိုင်ခြင်း
– နိုင်ငံရေးပါတီများ၏ အကြောင်းကို လေ့လာနိုင်ခြင်း
– ရွေးကောက်ပွဲကျင်းပရန် မည်မျှ လိုသေးသည်ကို ကြည့်နိုင်ခြင်း
– ရွေးကောက်ပွဲဆိုင်ရာ အသိပေးချက်များ ရယူနိုင်ခြင်း
– လွှတ်တော်များ အကြောင်းလေ့လာနိုင်ခြင်း
– မဲပေးခြင်းလမ်းညွှန်မှ တစ်ဆင့် မဲပေးပုံပေးနည်း ၊ ခိုင်လုံမဲ ၊ ပယ်မဲများ အကြောင်း လေ့လာနိုင်ခြင်း
– အခြားသော ရွေးကောက်ပွဲနှင့် ဆိုင်သည့် သိသင့်သိထိုက်သည်များကို လေ့လာနိုင်ခြင်း စသည့် အားသာချက်များစွာ နှင့် ရွေးကောက်ပွဲနှင့်ဆိုင်သည့် လိုအပ်ချက်များ အားလုံးကို Yway election infromation app တွင် ရရှိနိုင်ပါသည်။

 

PlayStore မှ Download ရယူရန် >>> https://goo.gl/InwlcY
Mediafire မှ Download ရယူရန် >>> http://bit.ly/1RdVIDp

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations