အချို.တွေဟာ သူတို့ရဲ. ဓါတ်ပုံမှာ ဝိညာဉ်ပုံရိပ်မျိုးကို တွေ့မြင်ရကြောင်း မှတ်တမ်းတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ် ။

သင့်အနေနဲ့ အချို.သောလူတွေဟာ သူတို့ရဲ. သူငယ်ချင်း ၊ မိသားစု နဲ့ အခြားပုံရိပ်တွေကို ဓါတ်ပုံရိုက်ကူးပြီး ပြန်ကြည့်တဲ့အခါမှာ ထူးခြားမှုတွေကို တွေ့ရှိရတယ်ဆိုတာမျိုး ကြားဖူးမှာပါ ။ ဒီလိုဖြစ်စဉ်မျိုးဟာ များစွာရှိနေပြီး အချို.တွေဟာ သူတို့ရဲ. ဓါတ်ပုံမှာ ဝိညာဉ်ပုံရိပ်မျိုးကို တွေ့မြင်ရကြောင်း မှတ်တမ်းတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ် ။ အချို.ပုံတွေမှာတော့ ပုံရိပ်ဟာ reflection ဒါမှမဟုတ် overexposure ဖြစ်ခြင်းကြောင့် ထူးဆန်းတဲ့ ပုံရိပ်ဖြစ်ပေါ်တာပါလို့ ဆိုနိုင်ပေမယ့် အချို.သော ပုံရိပ်တွေမှာတော့ သဘာဝလွန်ဖြစ်ရပ်မဟုတ်ဘူးလို့ ငြင်းပယ်လိုက်ဖို့ ခက်ခဲနေပါတယ် ။

၁၉၈၇ ခုနှစ်တုန်းက သူငယ်ချင်းအုပ်စုတစ်စုဟာ အင်္ဂလန်နိုင်ငံက Sayers  လေတပ်စခန်းကို ခရီးထွက်ခဲ့ပါတယ် ။ အုပ်စုထဲက တစ်ဦးဟာ် ဟယ်လီကော်ပတာ တစ်စီးပေါ် တက်ထိုင်ပြီး ဓါတ်ပုံရိုက်ယူခဲ့ပါတယ် ။ ဓါတ်ပုံကူးယူပြီးတဲ့အခါမှာတော့ ဟယ်လီကော်ပတာပေါ်တက်ထိုင်တဲ့ အမျိုးသမီးရဲ. ဘေးမှာ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသားတစ်ဦး ပါနေပြီး ၊ သူငယ်ချင်းအားလုံးက ဓါတ်ပုံရိုက်ကူးစဉ် အမျိုးသမီးဘေးမှာ ဘယ်သူမှရှိမနေဘူး ဆိုတာ သက်သေခံပါတယ် ။ ဓါတ်ပုံထဲကအမျိုးသမီးဟာလည်း ပူအိုက်တဲ့နေ့ဖြစ်ပေမယ့်လည်း ဟယ်လီကောပတာထဲ ဝင်ထိုင်စဉ် အေးစိမ့်စိမ့် ခံစားမှုမျိုး ဖြစ်ပေါ်နေကြာင်း ဆိုပါတယ် ။

Ghost Farm Boy

Ghost Farm Boy

ဒါကတော့ နောက်ထပ် အင်္ဂလိပ် သရဲဇာတ်လမ်းတစ်ပုဒ်ပေါ့ ၊ ဓါတ်ပုံဆရာ Neil Sandbach ဟာ rustic လယ်တောမှာ ဓါတ်ပုံအချို.ရိုက်ကူးခဲ့ပါတယ် ။ ဓါတ်ပုံကူးယူပြီးချိန်မှာတော့ ကောင်လေးတစ်ယောက်ရဲ. ဝိညာဉ်ပုံရိပ်ဟာ ပုံမှာပါတဲ့အတိုင်း ပေါ်နေခဲ့ပါတယ် ။ ဓါတ်ပုံဆရာရဲ. အပြောအရတော့ ဒီလယ်တောဟာ လူသူမနေပဲ စွန့်ပစ်ထားတဲ့ နေရာတစ်ခုဖြစ်ပြီး ဓါတ်ပုံထဲကနေရာကို သူဓါတ်ပုံရိုက်ကူးစဉ်က လူတစ်ဦးတစ်ယောက်မှ ရှိမနေဘူးလို့လည်း ဆိုထားပါတယ် ။

Family Friendly Ghost

Family Friendly Ghost

သင့်အနေနဲ့ ဒီပျော်စရာကောင်းတဲ့ မိသားစုဓါတ်ပုံအလယ်မှာ မိန်းခလေးငယ် တစ်ဦးကို တွေ့ရမှာပါ ။  သူတို့မိသားစုဟာ ဓါတ်ပုံကိုကြည့်ပြီးတဲ့အခါ အဆိုပါမိန်းခလေးဟာ ဘယ်သူမှန်း မပြောနိုင်ကြသလို ၊ လေ့လာမှုတွေအရလည်း ဓါတ်ပုံရိုက်ကူးစဉ်က အဆိုပါမိန်းခလေးငယ်ဟာ ရှိမနေပါဘူး ။ နောက်ပိုင်း ဆန်းစစ်မှုတွေအရ ဒီနေရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ လောက်က မိန်းခလေးငယ်တစ်ဦး ရေနစ်သေဆုံးဖူးတယ်လို့ သိရပါတယ် ။

Grabby Ghost

Grabby Ghost

ဒီပုံဟာ ဖိလစ်ပိုင်ကပုံဖြစ်ပြီး ၊ ဝိညာဉ်ရဲ. အပြုအမူကြောင့် ခြောက်ခြားစရာအကောင်းဆုံး ပုံတစ်ပုံ ဖြစ်နေတာ အမှန်ပါပဲ ။ ဒီဇာတ်လမ်းကတော့ အမျိုးသမီးငယ်နှစ်ဦးဟာ လမ်းပေါ်မှာသွားနေရင်း သူတို့ရဲ. ပုံကို ဓါတ်ပုံရိုက်ပေးဖို့ လူစိမ်းတစ်ယောက်ကို အကူအညီတောင်းပြီး ဒီပုံကို ရရှိခဲ့တာပါ ။ ဓါတ်ပုံထွက်လာတဲ့အခါမှာ သူတို့ဟာ နှစ်ယောက်ထဲ မဟုတ်တော့ပဲ……

Church Going Ghost

Church Going Ghost

ရုတ်တရက်ကြည့်လိုက်ရင်တော့ ဒါဟာ ဘုရားရှိခိုးကျောင်း တစ်ကျောင်းရဲ. လှပတဲ့ အတွင်းပိုင်းပုံပဲ ဖြစ်မှာပါ ။ သင်သေချာကြည့်တာတောင် ဝိညာဉ်ကို မတွေ့သေးဘူးဆိုရင်တော့ ပုံရဲ. အပေါ်ဖက်ထောင့်ကို ကြည့်လိုက်ပါ ၊ အမျိုးသမီးမျက်နှာနဲ့ ဝိညာဉ်ပုံရိပ်ကို တွေ့ရပါမယ် ။



Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations