သင်တို့စုံတွဲမှာရော ဒီလိုအပြုအမူတွေ ရှိနေပြီလား ?

1. ပြသာနာတွေနဲ့ စုံတွဲ

ပြသာနာတွေနဲ့ စုံတွဲ

အမြဲတမ်းလိုလို ပြဿနာတက်နေတဲ့ စုံတွဲတွေ ရှိပါတယ် ၊ အမြဲတမ်းလိုလို အသေးအဖွဲ့လေးကအစ အမြင်ချင်းမတူ ၊ အယူအဆချင်း ညှိလို့မရတဲ့ စုံတွဲမျိုးပေါ့

2. ကြည့်မရတဲ့ စုံတွဲ

တစ်ယောက်အပေါ် တစ်ယောက် အမြင်မကြည်ပါဘူး ၊ တစ်ခုမဟုတ် တစ်ခု အမြဲလိုလို ပြသာနာတွေ ပေါ်တက်ပြီး ၊ စိတ်ပျက်ဖွယ်ပါ

3. အကဲပိုတဲ့ စုံတွဲ

အမြဲတမ်း ဘာမဟုတ်တာလေးကို အကဲပိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြော ၊ လုပ်တက်ကြတဲ့ စုံတွဲမျိုးတွေပေါ့ ၊ သူတို့ဟာ အခြားသူတွေ အမြင်မှာလည်း မျက်စိနောက်လောက်အောက် အချစ်သည်းပြကြပါလိမ့်မယ် ၊ အဲ့လိုနဲ့ ကြာလာတဲ့အခါမှာ ငြီးငွေ့မွန်းကျပ် စိတ်ပျက်ပြီး ကွဲကြရမှာ အသေအချာပါပဲ။

4. မျှော်လင့်လွန်းတဲ့ စုံတွဲတွေ

အခြားစုံတွဲတွေက ဘယ်လိုမို့လို သူ့ကိုလည်း အဲ့လို လုပ်ပေးစေချင်တယ် ၊ ဟိုဟာလေး လုပ်ပေး ၊ ဒီဟာလေး လုပ်ပေးတာမျိုးကို လိုလားတောင့်တတယ်ဆိုတဲ့ စုံတွဲမျိုးတွေဟာလည်း ကြာလာတဲ့အခါမှာ တစ်ယောက်ကို တစ်ယောက် စိတ်ပျက်သွားကြမှာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations