ဒီစုစည်းမှုထဲမှာတော့ တိရိစ္ဆာန်နဲ့ လက်ထပ်မှုတွေ ပြုလုပ်ခဲ့တဲ့ လူသားတွေရဲ. ဖြစ်စဉ်ကို ဖော်ပြပေးထားပါတယ် ။

လက်ထပ်ခြင်း ဆိုတာဟာ လူသားမျိုးနွယ်တွေ အတွက် အလွန်အရေးကြီးပြီး ဟိုးရှေးဦးကတည်းက ရှိခဲ့တဲ့ အစဉ်အလာတစ်ခုပါ ။ လက်ထပ်ခြင်းဟာ လူသားနှစ်ဦး အပြန်အလှန် အလေးထားမှု ၊ မှီခိုမှု ၊ ကာကွယ်စောင့်ရှောက်မှု ၊ ချစ်ခြင်း စသဖြင့် များစွာသော အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတာပါ ။ ယနေ့ခေတ် လူသားမျိုးဆက်မှာတော့ အလွယ်တကူ လက်ထပ်ထိမ်းမြားမှုတွေနဲ့ ပြန်လည်ကွာရှင်းမှုတွေဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေပါတယ် ။ ဒီစုစည်းမှုထဲမှာတော့ တိရိစ္ဆာန်နဲ့ လက်ထပ်မှုတွေ ပြုလုပ်ခဲ့တဲ့ လူသားတွေရဲ. ဖြစ်စဉ်ကို ဖော်ပြပေးထားပါတယ် ။ 

ဒုက္ခတွေကနေ ကင်းဝေဖို့ အမျိုးသားတစ်ဦးဟာ ခွေးနဲ့လက်ထပ်ခဲ့

ဒုက္ခတွေကနေ ကင်းဝေဖို့ အမျိုးသားတစ်ဦးဟာ ခွေးနဲ့လက်ထပ်ခဲ့

Selva Kumar အမည်ရှိ အိန္ဒိယအမျိုးသားတစ်ဦးဟာ ချစ်ခြင်းတရားကြောင့် မဟုတ်ပဲ သူ့မှာကျရောက်နေတဲ့ အန္တရာယ်တွေ ကင်းဝေးနိုင်ဖို့ ခွေးနှင့်လက်ထပ်ခဲ့ပါတယ် ။ သူဟာ အသက် ၁၈နှစ်အရွယ်မှာ ခွေး နှစ်ကောင်ကို သတ်ပစ်ခဲ့မိပြီး သူ့ခန္တာကိုယ်တစ်ပိုင်းဟာ အကြောသေခဲ့ပြီး နားတစ်ဖက် မကြားခြင်းလည်း ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့် ဗေဒင်ဆရာက သူ့ကို ဒီဒုက္ခတွေကနေ ကင်းဝေးဖို့ ခွေးတစ်ကောင်နဲ့ လက်ထပ်ဖို့ အကြံပြုခဲ့ပြီး သူဟာ တကယ်ပဲ လိုက်လုပ်ခဲ့ပါတယ်။ 

အမျိုးသားတစ်ဦးဟာ သူ့ခွေးနဲ့ လက်ထပ်ခဲ့

အမျိုးသားတစ်ဦးဟာ သူ့ခွေးနဲ့ လက်ထပ်ခဲ့

အသက် ၂၀ အရွယ် Australian လူမျိုး Joseph Guiso ဟာ သူ မွေးထားတဲ့ ခွေးနဲ့ လက်ထပ်ခဲ့ပါတယ် ။ ဒီပွဲကို ပရိသတ် ၃၀ လောက်တက်ရောက်ပြီး joseph က သူဟာ သူ့ခွေးကို အရမ်းချစ်လို့ လက်ထပ်တာဖြစ်ပြီး ကာမဇောဆန္ဒတွေကြောင့် လက်ထပ်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ် ။ ဒါ့အပြင် သူဟာ ဘာသာတရားကို အလေးထားသူဖြစ်ပြီး ဒီလိုမျိုး လက်ထပ်ထိမ်းမြားခွင့်မျိုး ပေးသင့်တယ်လို့ ယူဆကြောင်း ဆိုပါတယ်။ 

သန်းကြွယ်သူဌေးတစ်ဦးဟာ လင်းပိုင်နဲ့ လက်ထပ်ခဲ့

သန်းကြွယ်သူဌေးတစ်ဦးဟာ လင်းပိုင်နဲ့ လက်ထပ်ခဲ့

များစွာသော သန်းကြွယ်သူဌေးတွေဟာ ထူးဆန်းသူတွေလို့ သတ်မှတ်ခံရပြီး Sharon Tendler ဟာလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ် ။ သူမဟာ ၂၀၀၅ ခုနှစ်မှာ Israeli resort က Cindy အမည်ရှိ လင်းပိုင်နဲ့ လက်ထပ်ခဲ့ပါတယ် ။ သူမဟာ Israeli resort ကို ပထမဆုံးရောက်ဖူးတဲ့ ၁၉၉၀ ခုနှစ်ထဲက ဒီလင်းပိုင်ကို ချစ်ခဲ့တာပါ။

Karl Langerfeld ဟာ သူ့ကြောင်လေးကို လက်ထပ်လိုတယ်လို့ ဆို

Karl Langerfeld ဟာ သူ့ကြောင်လေးကို လက်ထပ်လိုတယ်လို့ ဆို

နာမည်ကျော် ဖက်ရှင်ဒီဇိုင်းနာ Karl Langerfeld ဟာ သူ့ရဲ. ကြောင်ကလေး Choupette ကို လက်ထပ်လိုတယ်လို့ ၂၀၁၃ ခုနှစ်က ဆိုပါတယ် ။ အသက် ၇၇ နှစ်အရွယ် သူဟာ ဒီအမွှေးပွ ကြောင်လေးကို အရူးအမူးချစ်ပြီး သူအပြင်သွားတဲ့အခါတိုင်း သူ့ကြောင်လေး ဘာလုပ်နေတယ်ဆိုတာကို တစ်ခုမကျန် ချရေးထားဖို့ သူ့အိမ်အကူတွေကို ညွှန်ကြားထားပါတယ် ။ 

ဆိတ်နဲ့လက်ထပ်တဲ့ အမျိုးသား

ဆိတ်နဲ့လက်ထပ်တဲ့ အမျိုးသား

ဆူဒန်နိုင်ငံက အမျိုးသားတစ်ဦးဟာ ၂၀၀၆ ခုနှစ်က ဆိတ်နဲ့ စေ့စပ်ဖို့ပြုလုပ်တဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။ သူဟာ ဆိတ်ကိုလက်ထပ်ခြင်းအတွက် ဆူဒန်သုံးငွေ ၁၅၀၀၀ ဒဏ်ကြေး ပေးဆောင်ဖို့ အမိန့်ချခံခဲ့ရပါတယ် ။ 



Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations